အတ္တနဲ့ချည်တဲ့ကြိုး
အပိုင်း (၄၇)
"ကိုကို. . .တကယ် ပဲ ထွက်သွားတာပဲ. . . . .
''မင်း ဘယ်လို ဒီရောက်နေတာလဲ. . .
''မှူးကလား. . . . မှူး အမေက နယ်နှင်ဒဏ်ပေးလိုက်တာလေ. . . ကိုကိုကရော. . . ဘာလို ့ နိုင်ငံခြားသွားတာလဲ. . . ကွာရှင်းလိုက်တယ် ကြားတယ် မှူး တို ့ကြောင့်လားဟင်. . . တောင်းပန်ပါတယ် နော် မှူး မလုပ်သင့်တာတွေ လုပ်ခဲ့ မိပါတယ်. . . . မြင့်မိုလ်ထက် ကို တောင်းပန်ချင်ပေမယ့် အခွင့်အရေး မရခဲ့ဘူးလေ အဲ့တာကြောင့်. . . .
''မင်းတို ့ကြောင့် မဟုတ်ပါဘူး. . .
ငါတို့ပါ ငါတို ့ကွာရှင်းလိုက်တာ. . .''ကိုကို သူ ့ကို ဒီလောက် ချစ်တာ ဘာလို့ ကွာရှင်းလိုက်တာလဲ. . . .
''. . . . . . . .
''မဖြေချင်ရင် မမေးတော့ပါဘူး. . .
မေမေ ပြောတုန်းက မှူး ကို အပစ်ချချင်လို ့ တမင်ပြောတယ်ထင်နေတာ ကိုကို ကတယ်သွားတော့မှာပေါ့. . . .''မင်းကရော ဘယ်သွားမှာလဲ. . . .
''မှူးက Us ကိုသွားရမှာ . . .
''ငါက ငါ့ကုမ္ပဏီကိုသွားဦးစီးရမှာလေ. . . . . .
''သြော်. . . .ဟုတ်ကဲ့. . . .
''မင်း လဲ တဇွတ်ထိုးလုပ်တက်တာတွေ ပြင်သင့်နေပြီ. . . . မင်း အမေ အကြောင်း လဲ သိရက်နဲ့. .
''မှူး အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်. . . လူတွေ အများကြီးကိုလဲ ထိခိုက်စေခဲ့တယ် နောင်တလဲ ရတယ် မှူးကြောင့်သာ မဟုတ်ရင် ရိုးဂုဏ် လဲ လမ်းမှား ရောက်မှာ မဟုတ် သလို ကိုကိုလဲ ဒဏ်ရာ ရမှာမဟုတ်ဘူး. . . မှူး ထပ်ပြီးတောင်းပန်ပါတယ် ကိုကို. . . .
'' မေ့ လိုက်တော့ အဲ့တာတွေ ကပြီးခဲ့ပြီ. . . . . . ငါတို့ ဒီက နေ လမ်းခွဲပြီးရင် တစ်ယောက် တစ်လမ်းလျောက်ရတော့မှာ. . . အဲ့ဒီကစပြီး မင်းကောင်းအောင်နေပေါ့. . . . . နောင်တတွေနဲ့ မရှင်သန်ပါနဲ့. . . .
''ဟုတ်ကဲ့ ကိုကို. . မှူး ကို နားလည်ပေးပြီး ခွင့်လွတ်ပေးတာကျေးဇူးတင်ပါတယ်. . . . .
''မဟုတ်ဘူး ခွင့်လွှတ်တာ မဟုတ်ဘူး. . . ငါ လဲ မကောင်းတဲ့ကောင်ပဲ မို ့ မင်း ဘာလုပ်လဲ ဘာကြောင့် လုပ်လဲ သိတာ. . . . . အဲ့တာကြောင့် မင်းကို နားလည်ပေးနိုင်တာ. . . .
ESTÁS LEYENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...