အပိုင်း (၂၂)
"ရော့. . သား. . .
''ဘာလဲ . . .မေမေ. . .
''မင်းရဲ အဖိုး ပေးခိုင်းလိုက်တာ. . .
ဂုဏ်ရှိန်က မိခင်ဖြစ်သူ ကမ်းပေးသည့် ဘူးကိုဖွင့် လိုက်သည် ။
''လက်စွပ်လား. . . . .ဒါက ဘာသဘောလဲ. . . ဘာလို့ လက်စွပ်ပေးတာလဲ. . .
'' မေမေ လဲ မသိဘူး လာပို့ခိုင်းလိုက်တာ. . .
''ဒါက တစ်ခုခုကို ရည်ရွှယ်နေသလိုပဲ သား အခု သွားမေးမယ်. . .
''ဟဲ့ . . . သားရဲ့. . . . . . . . အဖိုးက ဒီနှစ်ထဲ ကျန်းမာရေး သိပ်မကောင်းဘူးနော်. . စကားကို ပြေပြေလည်လည်ပြော. . ကြားလား. . .
ဂုဏ်ရှိန် ဘာတစ်ခွန်းမှ ပြန်မပြောပဲ အဖိုး ရဲ့ အိမ်သို့ ထွက်လာခဲ့သည်။
''အဖိုး. . .
''ရောက်လာပြီလား. . လာလာ. . အဖိုးလဲ မင်းကို ပြောစရာရှိနေတာ. . .
''အဖိုး ဒါက ဘာသဘောလဲ . . ဘာအတွက် ပို့ထားတာလဲ. . . .
''စေ့စပ် လက်စွပ်လေ. . . ဝတ်ထား. . . . လက်မှာ. . .
''စေ့စပ် လက်စွပ်. . . ကျွန်တော်က ဘယ်သူနဲ့ စေ့စပ်ခဲ့လို့လဲ. . . . . . .
''မှူးလေး နဲ့လေ. . . စေ့စပ် ပြီးပြီ. . .
''ဘယ်လို. . ကျွန်တော် လဲ မသိရပါလား. . .
'' မအားမှန်းသိလို့လေ. . အဲ့တာကြောင့် မခေါ်တာ. . .တစ်ဖက်ကိုလဲ မအားလို့မလာတာလို့ပဲ ပြောလိုက်တယ်. . မှူး လေးကလဲ နားလည်ပေးပါတယ် . . . . . သူ လက်ခံလို့ စေ့စပ်ပွဲက အထမြောက်ခဲ့တယ်. . .
''အထမြောက်တယ် ဟုတ်လား. . အဖိုး. . . .. .
စေ့စပ်တဲ့ လူ၂ယောက် မစုံပဲ ဘယ်လို အထမြောက်တာလဲ ကျွန်တော် တကယ် နားမလည်နိုင်ဘူး. . . . .ပြီးတော့ ကျွန်တော် ပြောပြီးသား ကျွန်တော်မှာ ချစ်သူရှိတယ် ဆိုတာ. . .''မေ့လိုက်တော့ ဘာချစ်သူလဲ. . . ငါ အသိ အမှတ်မပြု ဘူး. . . .အခု ငါပြောတဲ့ လမ်းကို ပဲလျောက်စမ်းပါ. . . မင်းကို ငါ လမ်းပြခဲ့လို့ ဒီ အခြေ အနေ ထိ မင်းနေနိုင်ခဲ့တာ. . . .ငါ ပြောတာလုပ် မင်းနောင်တရစရာမရှိဘူး. . .
CZYTASZ
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romansတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...