အတ္တနဲ့ ချည်တဲ့ကြိုး

596 24 0
                                    

အတ္တနဲ့ ချည်တဲ့ကြိုး😏😏

အပိုင်း (၂၀)

''သမီးငယ် . . ထမင်း ဂျိုင့် ယူသွားဦး. . . .

''ဟုတ်ကဲ့ မေမေ . . . ထက်ထက်သွားပြီ. . .

''အေးအေး ကားကို ဂရုစိုက်မောင်း. . .
ဝေလေး ကြိုက်တဲ့  ကြက်ဥနဲ့ ကြက်သွန်နီကို နီနီလေးဖြစ်အောင်ကြော်ထားတာလဲပါတယ် သိလား. . . နေ့လည်ကျ အပူပြန်ပေးပြီးစားကြ. . . .

''ဟုတ် . . မေမေ. . . . .မွ. . . .

မေမေ ပါးကို နမ်းပြီး ထက်ထက် ကားပေါ်တက်မောင်းထွက်လာခဲ့သည်။
မေမေပါး ပေါ်က သနပ်ခါးနံလေးပင် သူမဆီ ကပ်ပါလာသေးသည် ။ ကားလေးက လမ်းမကြီး ပေါ်ပြေးလွှားနေရင်းသွားနေကျ လမ်းတစ်ခုက ဖောက်ထွက်လိုက်စဉ် ဖြတ်ခနဲ ပြေးဝင်လာသည့် ကားကြောင့် ထက်ထက် လန့်ဖြန့်သွားပြီး ဘရိတ်ကို ဆွဲနင်း လိုက်ရသည်။

''ဘာလဲ ဟ ဘယ်က ထွက်လာတာလဲ ရှေ့ မကြည့် နောက်မကြည့်. . . . .

ကားပေါ် မှ အနောက်တိုင်းဝတ်စုံတွေနှင့် လူ ၂ယောက် ဆင်းလာပြီး ထက်ထက် ကားနားလျောက်လာသည်။ပုံစံတွေက ကိုယ်ရံတော်တွေ လိုလို စုံထောက်တွေ လိုလို။

''သူဌေး ကြီးက စကားပြောဖို့ ဒီက မမလေးကို ဖိတ်လိုက်ပါတယ်. . .

''ဘယ်သူလဲ ဘာလို့ ငါ့ကားရှေ ့ ပိတ်ရပ်တာလဲ.   . . . .

''လိုက်ကြည့်ရင် အဖြေ ရှင်းသွားမှာပါ. . . .

''ဘာလို့ လိုက်ကြည့် ရမလဲ . . .ဖယ်နော်. . ငါ့ရှေ့ က. . .  

''ကျွန်တော်တို အတင်း မလုပ်ချင်ပါဘူး. . . .
ကျေးဇူးပြုပြီး တစ်ဖက်ကားကို ပြောင်းတက်ပေးပါ. . . .

''နင်တို့ တက်ဆိုတိုင်း ဘာလို့တက်ရမှာလဲ . . . ဖယ်နော်
မဖယ်ရင်  ကားနဲ့ တိုက်လိုက်မှာ. . .

''ရိုင်း ပြမူ အတွက် တောင်းပန်ပါတယ် ခင်ဗျ. . .

''ကလစ်. .ဂျလောက်. . .

''အ. . .မထိနဲ့. . ဖယ် . . လွတ်. . . .လူပြတ်တယ်ဆိုပြီး မတရား မလုပ်နဲ့. . . ဖယ်. . .

ထက်ထက် ဘယ်လို ငြင်းပေမယ့် ထက်ထက်ကိုချုပ်ပြီး ဂျိုင်းမှ မလျှက် ကြီးမားသည့် ကားတစ်စီးပေါ်သို့ပြောင်းတင်ပေးလိုက်သည်။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Où les histoires vivent. Découvrez maintenant