အတ္တနဲ့ချည်တဲ့ကြိုး

915 28 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး

အပိုင်း (၅၁)

''အချိန်လဲ မနည်းတော့ဘူး ပြန်တော့မယ်နော်. . .  

''ပြန်တော့ မလို့ လားညီမရဲ ့စောပါသေးတယ်. . . . 

''ဟုတ်ကဲ့. . .

''ဟာ ညီမလေး ပြန်တော့မလို ့လား
ခုမှအားတော့တယ် မိတ်ဆက်ပေးရဦးမယ် ဒါက အခု မြန်မာနိုင်ငံရဲ့ အထည်အလိပ်နဲ့ ဒီဇိုင်း တွေမှာ နာမည်ကြီးတဲ့  Uc က သူဌေး ပေါ့ မြင့်မိုလ်ထက်. . . ဒါကတော့ ထည်ဝါ ရဲ့ သူဌေး ဂုဏ်ရှိန်ထည်ဝါတဲ့. . .. . .

အရင်က ကိစ္စတွေကိုသိရက်နဲ့လား တကယ်ပဲ မသိတာလားတော့ မပြောတက် ဂုဏ်ရှိန်ကို ခေါ်လာပြီး  မိတ်ဆက်ပေးတော့သည်။

''ဟုတ်ကဲ့ တွေ ့ရတာဝမ်းသာပါတယ် မြင်မိုလ်ထက်ပါ. . . ထည်ဝါ သူဌေး ရဲ့  အကြောင်းတွေ အများကြီး ကြားဖူးပါတယ် များများသင်ပြပေးပါဦး. . .

မြင့်မိုလ်ထက် က ခပ်တည်တည်ပဲပြောလိုက်သည်။

''မဟုတ်တာ ဒီက  Uc ရဲ့ သူဌေး ဆီက ပြန်လည်သင်ယူရဦးမှာပါ. . .
အခုမှ မြန်မာပြည်ပြန်လာတော့ မြန်မာပြည်ရဲ့ ဈေးကွက် အခြေ အနေတွေနဲ့ စိမ်းနေသေးတယ်
လမ်းပြပေးပါဦး. . . .

'' အဲ. . . . . ဒီက ညီမလေးက ပြန်တော့ မလို ့တဲ့ . . .မှောင်နေပြီမို ့တဲ့လေ. .
နောက်ထပ် ဆုံတော့မှ စကားဆက်ပြောကြတာပေါ့ . . .
ညီမလေးရေ နောက်ထပ် ထပ်ဆုံပါဦးမယ်နော်. . . .

''ဟုတ်ကဲ့ ထပ်ဆုံချင်ပါတယ်ရှင့်. . .
ဒါက ထက်ထက်ရဲ့ ရုံခန်း လိပ်စာပါ. . .
အမသာလာရင် ကြိုဆိုနေမှာပါရှင့်. . .

''ကောင်းပါပြီ ညီမရယ်. . .

''နူတ်ဆက်ပါတယ်ရှင့်. . . . .

အားလုံးကိုနူတ်ဆက်သလို ခေါင်းငုံပြလိုက်ပြီး မြင့်မိုလ်ထက်က လှည့်ထွက်သွားတော့သည်။ဂုဏ်ရှိန်က နောက်ကလိုက်လာခဲ့သည်။

''ဖြန်း. . .

''အ. . .မိန်းမရယ် ဘာလို ့ကျောကို ထုတာလဲ. . .

''ရှင် ရူးနေလား. . . ဟမ်. . . ဘယ်လိုလူ ၂ယောက်ကို လာမိတ်ဆက်ပေးနေတာလဲ. . .
အားနေရင် လေပေါနေစမ်းပါ
ရှေ့ မကြည့် နောက်မကြည့်. . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Hikayelerin yaşadığı yer. Şimdi keşfedin