အတ္တနဲ့ ချည်တဲ့ကြိုး

630 26 0
                                    

အတ္တနဲ့ချည်တဲ့ကြိုး

  အပိုင်း (၄၀)

"ချက်.   .  . ချက်. . .ချက်. . . ချက်.  . .

ည (၁၀) နာရီခန့်. . .
လူသံတွေ တိုးတိတ် သွားသလို သူဌေး ရပ်ကွက် ဖြစ်တဲ့ အတွက် ဂုဏ်ရှိန်တို ့နေထိုင်ရာနေရာက ပိုမိုပြီး တိတ်ဆိတ်သွားသည်။ ကွန်ပျူတာ ခလုပ်တွေ တဂျလောက် လောက်နှိပ်နေရင်း မျက်လုံးက လဲ နံရံက နာရီကို လှမ်း ကြည့်လိုက်သည်။
တချက်ချက်မည်နေတဲ့ နာရီသံနဲ့ အတူ ၁၀နာရီ ကို မြှားထိုးပြနေသည်။

''အခုချိန်ထိ ပြန်မလာသေးဘူးလား. .
ဘယ်တွေသွားနေတာလဲ. . . .

ခပ်တိုးတိုး ပြောလိုက်ရင်း အလုပ်ကိုပြန်လုပ်နေလိုက်သည်။
ဒါပေမယ့် ဘယ်လို အိပ်ပျော်သွားလဲ သူကိုယ်တိုင်မသိလိုက် အခန်းတံခါးရှေ့ မှ ခေါက်သံကြောင့် ခန္ဒာကိုယ် မတ်ခနဲ ဖြစ်သွားပြီး ခေါင်းထောင်သွားသည်။

''ဒေါက်. . .ဒေါက်. . .ဒေါက်. . . .

တံခါးခေါက်သံကြောင့် နိုးသွားပြီး   မှ သူ အလုပ်လုပ်ရင်း အိပ်ပျော်သွားမှန်းသိလိုက်ရသည်။
နာရီကို လှမ်းကြည့်လိုက်တော့ ၁၁နာရီခွဲခန့်။ ဒီ အချိန်ကြီး ဘယ်သူက တံခါးလာခေါက်နေတာလဲ။
အတွေးနဲ့ အတူ တံခါးနားသို ့လျောက်သွားလိုက်သည်။

''ဘယ်သူလဲ. . . .

''သူဌေး ကျွန်တော်ပါ. . .ဇွဲညီ. . . .

ခြံထဲက အလုပ်သမားက အိမ်ပေါ်အထိတက်လာတာ ခြံထဲမှာ တစ်ခုခုဖြစ်လို့ လား။ စိုးရိမ်စိတ်နှင့် ဖြတ်ခနဲ တံခါးဆွဲဖွင့် အလောတကြီးထွက်လိုက်သည်။

''ဘာဖြစ်လို ့လဲ သူခိုး ထပ်ဝင်လို ့လား. . . . .

''မဟုတ်ပါဘူး သူဌေး မမလေး ပြန်မလာသေးလို ပါ . . မမလေး သူဌေး ကိုေ တာက်ကျမယ် တစ်ခုခုများပြောခဲ့လားလို့. . ကျွန်တော်တို့ကိုတော့ ဘာမှ မပြောခဲ့လို့ပါ. . .

''အခု ထိ ပြန်မရောက်သေးဘူး. .?

"ဟုတ်ကဲ့. . . . . .

''အဲ့တာ ကို အခုမှ ဘာလို ့ လာပြောတာလဲ. . . .

ဂုဏ်ရှိန်က ဇွဲညီ ကိုအော် လိုက်ရင်း အနောက်ပြန်လှည့်သွားပြီး ဖုန်းကိုသွားယူလိုက်သည်။ဖုန်းနံပါတ်တစ်ခု ကို အမြန်ကောက်နှိပ်လိုက်ပြီး ခေါ်လိုက်သည်။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Opowieści tętniące życiem. Odkryj je teraz