အတ္တနဲ့ချည်တဲ့ကြိုး

853 31 0
                                    

အတ္တနဲ့ချည်တဲ့ ကြိုး

အပိုင်း (၅၀)

"ကောင်းပါပြီဗျာ. . . အကို ကတော့ အခုထိခေါင်းမာတုန်းပဲနော်. . .
ပြီးတော့ အကို အရမ်းပိန်သွားတယ် . .
အစား အသောက်တွေ  မ မှန်ဘူး ထင်တယ်. . . . ည အိပ်လဲ ပျက်နေတဲ့ ပုံပဲ. . . .

'''မင်း အခု ငါ့ကို စိတ်ပူနေတာလား. . . .

''ဒါပေါ့. . . .  အကို က အရင်နဲ ့ လုံးဝ မတူတော့ဘူး အဲ့တာကြောင့် စိတ်မကောင်း လို ့. . . .

''ငါ ့ကို သနားနေတာလား. . . .

'' အဲ့ဒီ လို မဟုတ်ပါဘူး အကိုကလဲ. . .
ဒါနဲ့ ပြန်မသွားတော့ဘူး မဟုတ်လား. . .
အပြီး ပြန်လာတာ မဟုတ်လား. . .

''ရုံးမရှိတော့ဘူးလေ ပြန်သွားစရာ မလိုဘူး. . . .

''ကောင်းလိုက်တာ . . . အကို ကို ဘယ်လောက်ထိ ပြန်လာဖို ့မျော်လင့်နေရလဲ သိလား အခုတော့ တကယ် ပြန်လာပြီပဲ. . . 

''အခြားသူ ကြားရင်  ချစ်သူကိုပြောနေတယ် ထင်ဦးမယ်. . . .
မင်းမျော်နေတာ သေချာပေါက် ငါရော ဟုတ်ရဲ့လား. . . .

''အကို ကလဲဗျာ. . . သေချာပေါက် အကိုပေါ့. . . ဘယ်သူ ပြန်လာတာကိုမျော်ရမလဲ. . . .

''အဲ့တာတော့ မင်းပဲသိမှာပေါ့. . 

''အကို ဗိုက်ဆာနေမှာပေါ့ တစ်ခုခုသွားစားရအောင်. . . .

''အင်းလေ သွားစားကြတာပေါ့. . . .

''ဂျပန်စာ စားမလား. . .

''ဘာပဲ ဖြစ်ဖြစ်. . . . .

''ok. . . .

Light ကပြောရင်း သူစားနေကျစားသောက်ဆိုင်ဘက်လာခဲ့သည်။ စားသောက်ဆိုင် ရဲ့ ကားပါကင်သို့ ကားဝင်လိုက်သည်နှင့် အရင်က အချိန်လေးတစ်ခုကို ပြန်အမှတ်ရလာမိသည်။ အဲ့ဒီ အချိန်မှာ သူတို ့ဘေးမှ ကားတစ်စီးကလဲ ကပ်ပြီး ပြန်ထွက်သွားတာကိုတော့ သတိမထားမိလိုက်ကြပေ။

''ဦးငယ်  . . .  

''ဘာလဲ သမီး. . .

''ဦးငယ် ရဲ့ ကား  လေ  အထဲဝင်သွားတာ. . . .

ဇွဲညီက နောက်ကြည့်မှန်မှလှမ်းကြည့်လိုက်တော့ ကားနံပါတ်သာမြင်လိုက်ရသည်။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Nơi câu chuyện tồn tại. Hãy khám phá bây giờ