အပိုင်း (၆)
ဟော ကြည့် Light ကိုမြင်တာနဲ့ အဖိုး က ထိုသို့တွေးနေပုံပင်။
''အဖိုးကလဲ. . . .
''ဘာ အဖိုးကလဲ. . . လဲ မင်း ဘာလို့ လူတွေ ဒုက္ခလိုက်ပေးနေတာလဲ. . . .
''အိမ်လေး ခဏ လိုက်ပို့ခိုင်းတာ ဒုက္ခလား. . . . .
သူက ကျွန်တော် အကိုပါ. . . . . .''ဟုတ်တယ် သူက မင်းအကိုပဲ ဒါပေမယ့် မင်းလို တစ်နေ့တစ်နေ့ လည်ပတ်စားသောက် အချိန်ဖြုန်းနေဖို့သူ့မှာ အချိန်မရှိဘူး. . . . .
သူ့ ရဲ့ အချိန်ဇယားတွေက တစ်လ လုံးအပြည့်ပဲ ဒါပြီးရင် ဒါလုပ်ရမယ်လို့ ကြိုပြင်ထားပြီးသား. . .
မင်း သူ့ကို အကူ အညီ မမေးရင်နေ မနှောင့်ယှက်နဲ့ . . . .''အဖို့း ကြောင့် သူက အဲ့ဒီလောက် အလုပ်ပုံနေတာပါ. . . .
''အလုပ်မပုံစေချင်ရင် မင်းကူလုပ်လေ. . . .
အလကား အရည်မရ အဖတ်မရ အနုပညာ လုပ်နေမယ့်အစား ငွေ ဝင်တဲ့ အလုပ်လုပ်ပါလား. . . . . မင်းတစ်ချိန်လုံး မင်းအကို ရတဲ့ အမွေတွေ မင်းထပ်များတယ်လို့ ထင်နေတယ်မဟုတ်လား.. . . . . . . မင်းသာ သူ့နေရာဝင်နိုင်ရင် အကုန်မင်းဟာပဲ. . . . . . .'' မလိုချင်ပါဘူး ဘာလုပ်ရမလဲ အဲ့တာတွေ ကျွန်တော် ဘဝနဲ့ကျွန်တောပျော်နေပြီ. . . .
''မင်းအလုပ် ဘဝ ခိုင်လုံ ချင်ရှိမယ်ထင်နေလား . . . အခုငါပြောရင် စကားကြီးစကားကျယ်တွေနဲ့ ကျွန်တော်က ထိပ်တန်းအဆိုတော်တို့ ထိပ်တန်း မင်းသားတို့ကြားရ ဦးမယ် တကယ်တမ်း မင်းအဲ့နေရာမှာ ဘယ်လောက်ကြာကြာနေ နိုင်မယ်ထင်လဲ ၁၀နှစ်လား ၁၅နှစ်လား . . .အဲ့တာတောင်စိတ်ကူးယဉ် လွန်းနေပြီ. . . .
တစ်ချိန်မှာမင်းသာ သီချင်းမဆိုနိုင်တော့ရင် မင်းဘေးက လူတွေရှိနေဦးမယ်ထင်နေလား. . . .
မင်းရဲ့ မပြောပလောက်တဲ့ ဝင်ငွေတွေရှိနေဦးမယ်ထင်နေလား. . . .
ဦးနှောက် ရှိစမ်းပါ. . . အဲ့ဒီလူတွေအားလုံးက မင်းအောင်မြင်နေလို့သာ ပံ ပိုးနေကြတာ
တစ်ချက်လောက် အမှားလေး လုပ်လိုက်ကြည့်စမ်း တစ်ချက်လေးပဲ နိမ်ကျသွားကြည့်စမ်း မင်းကို အကုန် နင်းချသွားကြမှာ. . . . ဒါကြောင့် မင်း ကိုစောစော စီးစီး လက်လွတ်လိုက်ဖို့ပြောတာ. . . . .. .
VOCÊ ESTÁ LENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...