အတ္တ နဲ့ ချည်တဲ့ကြိုး

600 23 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး

အပိုင်း (၂၃)

"သွားမယ်. . အရူပ်တွေ လာနေပြီ. . . . .

အမိန့်ပေးသံနဲ့ အတူ  နောက်လိုက်ခွေးတွေကလဲ ကားပေါ်တက်သွားကြသည်။

''ရှင်တို့ လူကို ရိုက်ပြီး ဘယ်ကိုပြေးတာလဲ. . .

ထက်ထက် အော်ပြောနေတာကို ဂရုမစိုက်ပဲကားတွေက မောင်းထွက်သွားတော့သည်။

''မင်းက ယောကျၤားတစ်အုပ်ကြီးကို သွားပြီး အမိန့်ပေးနေရအောင် မင်းကိုမင်း စွမ်းအားရှင်ထင်နေလား. . . ကျတ်. . . သေချင်နေတာ. . . . ကိုယ့်လမ်းကို မသွားဘူး. . 

''ရှင်က အပစ်တင်နေတာလား. . .  ဆင်းလဲ ကူညီ ရသေးတယ်. . .

''မင်း မင်အားနဲ့ ကူနိုင်မယ်ထင်နေလား. . .ငါလိုယောကျၤားရင့်မာကြီးတောင် မနိုင်တာ. .  
ကျွတ်. . နာလိုက်တာ. . ခွေးသားတွေ. . ဖွီ. . . .

''ရှင်မသေ နိုင်ဘူး မဟုတ်လား. .   .

ရိုးဂုဏ် က လဲကျနေရာမှ ထဖို့ ကြိုးစားလိုက်သည်။ ထက်ထက်က တွဲဖို့ လုပ်တော့ အတွဲ မခံပဲ. . .

''မင်းအကူ အညီ လိုတယ်ပြောမိလို့လား. . .

''  အကူ အညီ လိုတယ်လို့ပြောမှ သိမယ့်လူမျိုးမဟုတ်ဘူးလေ. . ကူညီသင့်တယ်ထင်လို့ ကူညီတာ. . .
ပြီးတော့ ဒါက အိမ်ပြန်တဲ့ လမ်းလေ. . ရှင်တို့တွေ ပိတ်ရပ်ထားတာ ကို ဘယ်အပေါက်က သွားရမလဲ. . . .  ပြီးတော့ ဒီ လမ်းထိပ်မှာ သေသွားရင် လဲ အလကား လမ်းညစ်ပတ်ဦးမယ်. . . .  

''မင်း. . . .

''ရှင့်ကို ကူချင်လွန်းလို့မထင်နဲ့ . . .
ရှင့် နောက်က အမြဲပါနေတဲ ကိုယ်ရံတော်တွေ ဘယ်ရောက်ကုန်လို့လဲ. . .သူဌေး ကြီး ရဲ့. . .

''သူတို့ နားချိန် စောစော  နားရအောင်. . . အိမ်ပြန်ခိုင်းလိုက်တယ်. . .

''ရှင့်မှာ ဒီလို စိတ်ကောင်းရှိတာလား. . . .

''မင်းမကူညီ ချင်ရင် သွားတော့ နားပူတယ်. . .
ငါ့အိမ်က ၂လမ်းကျော်တင် လေးဘက်ထောက်ပြန်ရလဲရောက်တယ်. . . .

''ဟုတ်လား ထောက်ပြီး သွားပြပါလား. . 

'' မင်း . . မကူညီရင် လာလှောင်မနေနဲ့. . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Où les histoires vivent. Découvrez maintenant