အတ္တ နဲ့ချည်တဲ့ကြိုး

666 25 0
                                    

အတ္တနဲ့ ချည်တဲ့ကြိုး😌😌

အပိုင်း (၁၂)

ဒီနေ့ ဂျပန်က သူငယ်ချင်းဖြစ်သူ နှင်းဆုဝေ ပြန်လာမှာမို့  ထက်ထက်နှင့် နေခြည် ၂ယောက်သား အစောကြီးထဲက ဟိုပြေးဒီပြေးဖြင့် ယခုတော့ လေဆိပ်မှာ စောင့်ကြိုနေကြပြီဖြစ်သည်။

''လေယာဉ် ဝင်လာပြီဟ. . .

''ဟုတ်တယ်  အသံကြားရတယ်. . . .

၂ယောက် အချိန် ၁၀မိနစ်လောက်စောင့်ပြီးနောက်
နှင်းဆုဝေက အထုပ်တွေ အပိုးတွေဖြင့်ထွက်လာသည်။

''ထက်ထက် ငါ ဒီမှာ. . .

''Welcome home wai . . . .

''I miss you. . .

''I miss you too. . .

''အောင်မလေး အလွမ်းသယ်မနေကြနဲ့
ငါသယ်ဖို့လဲ ထားပါဦး. . . .

နေခြည် ရဲ့ မကြေ မနပ်အသံကြာူမှ နေခြည်ကိုပါ ဖက်လိုက်ပြီး . . . 

''အေးပါ နေခြည်ရယ် နင်က လှလို့ ဝ လို့ပါလား. .

''ဝတာ မပြောနဲ့ ပြောရင် ရန်သူပဲ. . .

''နင်က ဝက်ပေါက်လေးနဲ့တောင်တူသေးတယ်. . .
တကယ်ပြောတာ. . . .

''လှတာက ချက်စားလို့မရဘူး ဝတာက ဖက်ထားလို့ရတယ် . . okay. . .

''okay. . ပါ okay. . . .စိတ်ချမ်းသာရင်ပြီးရော. .

''သွားကြစို့. . . .

မဆုံတာကြာပြီးဖြစ်တဲ့ သူငယ်ချင်း ၃ယောက် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ ရယ်မောပြီး  ပြန်ထွက်လာခဲ့ကြသည်။

''ငါတို့ တစ်ခုခု အရင်သွားစားရအောင်လေ. . .

''အေး သွားစားကြမယ်. . . .

''ထက်ထက် နင့်စက်ရုံရော အဆင်ပြေရဲ့လား. . .

''ပြေပါတယ်ဟ အေးဆေးပါ . . . .
ငါ ဆိုင်ခန်းတွေ အများကြီးစုံစမ်းပြီးပြီ သိလား. .

''တကယ်ပေါ့လေ. . .

''တကယ်ပါဆို. . . .

''ငါဆို့ အိမ်မက်တွေနီးလာပြီ. . . . .

''လာ နောက်မှပြောမယ် မုန့်ဝင်စားကြစို့
ဒါ ငါစားနေကြဆိုင်. . . .

'' နေခြည်ကရော ဂျပန်စာ တွေ ကြိုက်ရဲ့လား. . .

''မကြိုက်လို့လဲ မရတော့ဘူးလေ
သူငယ်ချင်းတွေက ဂျပန်ပြန်တွေဆိုတော့ မကြိုက်လဲ မြိုချရမှာပေါ့. . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Onde histórias criam vida. Descubra agora