အတ္တနဲ့ချည်တဲ့ကြိုး
အပိုင်း (၅၂)
''ဟင် . . ခင်ဗျား. . ပဲ အေးစက်တဲ့ လူကြီး. . . .
light က နေသူရကို ကြည့်၍ ပြောလိုက်သည်။
''ဘယ်လိုဖြစ်ပြီး ခင်ဗျား ရောက်လာတာလဲ. . . ခင်ဗျား ကျွန်တော် ကို မမြင်ချင်ဘူး မဟုတ်လား. . . .
''ငါ က ရောက်လာတာလား. . .
မင်းပဲ ငါ့ကို ခေါ်ပြီးတော့. . . .''ကျွန်တော် ကခေါ်လိုက်တာလား. . .
အာ. . . ဖုန်းနံပါတ်မှားသွားတာထင်တယ်. .
ဒါနဲ့ အရင်က ဖုန်းနံပါတ် ပြန်သုံးနေသေးတာလား. . . .'' မင်း ဘာလို့  အခု ပုံစံဖြစ်နေတာလဲ. . .
မင်း ပုံစံက မင်းကို လူများလှောင်ရယ်စရာဖြစ်လာလိမ့်မယ်. . . . .'' လှောင်ရယ်စရာလား. . .
လူတွေက လုပ်နိုင်တာလှောင်ရယ်ဖို့ လောက်ပဲလေ. . .ဘယ်သူက ဂရုစိုက်မှာလဲ. . . .''ရူပါလင်း. . .
''အဟတ်. . . အရူးလိုပဲ အဲ့ဒီ အေးစက်စက် အသံကြီးက ဘယ်လောက်ထိမျော်လင့်နေခဲ့လဲ ခင်ဗျားသိလား. . .
''ဘာတွေပြောနေတာလဲ
ငါ မင်း ရဲ့ နေထိုင်ပုံတွေ ပြင်ဖို့ ပြောနေတာ . . . မင်း ဒီလိုပဲဆက်နေရင် မင်နာမည်ပျက်သွားလိမ့်မယ်. . .''ကျွန်တော် ပါကျွန်တော် ဘယ်လိုနေနေ
ခင်ဗျား နဲ့ ဘာဆိုင်လို့ လဲ. .''ဟုတ်သားပဲ. . . .
နေသူရ က ပြောတာမရသဖြင့် ဒေါသဖြစ်ပြီး လှည့်ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်သည်။
''ဘာလို့  မမေးတာလဲ. . . မင်းဘာလို့ အခုလို လုပ်နေလဲလို့. . .
ကျွန်တော်က လာမေးစေချင်ခဲ့တာ
ပြောပြချင်ခဲ့တာ. . .ကျွန်တော်ရဲ့ သတင်းဆိုးတွေသာထွက်လာရင် အပြေးပြန်လာမှာပဲ လို့ တွေးခဲ့တာ အရူးလိုပဲ. . . အဟတ်. . . ဒါပေမယ့်စိတ်ကူးယဉ် သက်သက်ဖြစ်ခဲ့တာပဲ . .
သေချာ နားထောင်သွား အားလုံးက ခင်ဗျား ကြောင့်ပဲ. . . .light ရဲ့စကားသံတွေကြောင့် နေသူရ ပြန်လှည့်ပြီး ကြည့်လိုက်သည်။
light က မူးနေသလိုယိုင်ထိုးနေရင်း ထထိုင်လိုက်သည်။''မဟုတ်ဘူး . .ငါ နဲ့ဘာဆိုင်လို့လဲ. . . .
''ဒီနှစ်တွေ ထဲမှာ ကျွန်တော် မိန်းကလေးတွေ အများကြီးနဲ့တွဲခဲ့တယ်. . . . ဒါပေမယ့် ခင်ဗျား သိလား သူတို့ အပေါ်မှာ ဘာခံစားချက်မှ မရှိဘူး. .. . .
ခံစားလို့ လဲ မရဘူး. . . . သက်သက်မဲ့ မတွဲချင်ပဲတွဲနေတာ. . နာမည်အပျက်ခံပြီတော့. . . ခင်ဗျား သတိထားမိအောင်လို့ လေ အဲ့တာမသိဘူး မဟုတ်လား. . .
ŞİMDİ OKUDUĞUN
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romantizmတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...