အတ္တနဲ့ချည်တဲ့ကြိုး

614 25 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး

အပိုင်း (၂၇)

(boy love မနှစ်သက်သူများ ယခု အပိုဒ်ကို ကျော်ဖတ်နိုင်ပါသည် )

Light က နောက်ဆုပ် နောက်ဆုပ် ရွေ ့သွားတော့ နေသူရက လက်မှ ပြန်ဆွဲထားလိုက်သည်။

''ကျွန်တော် ကို မထိနဲ့ ခင်ဗျား. . .ခင်ဗျား. . . . . .

''ငါ့ကို ရွှံသွားတာလား. . . .
ဟုတ်တယ် ငါက မင်းပြောသလိုကောင်ပဲ . . .
ဒါပေမယ့် တစ်ခုတော့မှားနေတယ် ငါ ယောကျၤားလေးတိုင်းကိုမကြိုက်ဘူး. . .
ငါကြိုက်တာ မင်းတစ်ယောက်ထဲပဲ. . . .

''ခင်ဗျား. . ခင်ဗျား. . . ကျွန်တော်ဘေးမှာနေပြီး တစ်နေကုန် မကောင်းတဲ့ အတွေးတွေပဲတွေးနေပုံရတယ်.   . ကျွန်တော်ကို မထိနဲ့. . . . .

''မင်းကို မထိဘူး. . .  ကောင်းပြီ ဒါဆိုငါပြောတာကို နားထောင်ပေးရမယ်. . . .

''နား မထောင်ဘူး ဘာလို့ နားထောင်ရမလဲ. .    . . ခင်ဗျား . . .ညစ်ညမ်းတဲ့ အတွေးတွေနဲ့ ကျွန်တော်ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့တာ သိရင် ခင်ဗျားကို ကျွန်တော့် အနားမှာ မထားခဲ့ဘူး. . . .  

''  Light. . . . .

''မခေါ်နဲ့ ခင်ဗျား အသံက အစ အခု ရွံစရာကောင်းနေပြီ. . .   ကျွန်တော်ကတော့မသိခဲ့ဘူး . . .
ခင်ဗျား ကို သဘောရိုး ထင်ပြီး ခင်မင်နေခဲ့တာ ဒါပေမယ့် ခင်ဗျား ကတော့. . . . 

''မင်း အပစ်တင်လို့ရပါတယ်. . . .
ဒါပေမယ့် ငါမင်းကိုကြိုက်မိလို့နောင်တမရဘူး. . .
မင်း အခုလိုဖြစ်နေတာ ငါကယောကျၤားလေး မို့လို့ပေါ့ ဟုတ်လား. . . ယောကျာၤးလေး ဆိုရင်ရော မချစ်ရဘူးလား. . . မင်းရော ငါရော ယောကျၤား လေးဖြစ်နေရင်တောင် ငါမင်း ကို ချစ်တာ ဖြူစင်တယ်. . . .

''အဟတ် ဖြူစင်တယ်. . .ဟုတ်လား. .  ခင်ဗျားပြောရဲလိုက်တာ. . . .  ခင်ဗျား လုပ်နေတဲ့ အလုပ်နဲ့ ခင်ဗျားပြောစကားနဲ့တောင် ညီ ညွတ်ရဲ့လား. . . . . . ခင်ဗျား ဗျာ. . . တော်ပြီ. . . စိတ် အရမ်းပျက်သွားပြီ
ခင်ဗျား အခန်းမှာ တစ်မိနစ် တစ်စက္ကန့်တောင် မနေချင်တော့ဘူး. . .

Light က အဖြူရောင် ဆံပင်လေးတွေ လွင့်ပျံသွားသည်အထိ လှည့်ထွက်လိုက်သည်။ဒါပေမယ့် သူ့ရှေ့မှာ နေသူရက ကာပြီး ရပ်လိုက်သည်။ Light က လဲ အရပ်ရှည်ပေမယ့် နေသူရ နှင့်ယှဉ်လိုက်လျှင်တော့  Light က ပုသလိုဖြစ်သွားခဲ့သည်။ နေသူရ က Light ရဲ အကို ဝင်းကွဲ ဂုဏ်ရှိန် လိုပဲ အရပ်ရော ဒေါင်ရော မြင့်မားပြီး ကြည့်ကောင်းသူဖြစ်သည်။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Où les histoires vivent. Découvrez maintenant