အတ္တ နဲ့ ချည်တဲ့ကြိုး

2.9K 58 0
                                    

အတ္တနဲ့ ချည်တဲ့  ကြိုး😏😏

အပိုင်း (၁)

''ဖေဖေလေး. . . ဖေဖေလေး. . . .

မပီကလာ ပီကလာ  စကားသံလေး ဂုဏ်ရှိန်   အိပ်စက် အနားယူနေရာမှ  နားထဲ ဝင်လာသည်  ။

''ဖေဖေလေး . . . ဖေဖေလေး. . . ထပါ. . . မီးမီး နဲ့ ကစားရအောင်. . . ဖေဖေ လေး. . .

အစကတော့ အိမ်မက်လိုလို ထင်မိပေမယ့်  ကြားနေရတာက အနားကပ်လေးမို့မျက်လုံး ဖွင့်ကြည့်လိုက်သည်။  ဂုဏ်ရှိန် ဘေးမှာ ရပ်နေသည့် ၃နှစ် အရွယ် ပါးဖောင်းဖောင်းလေးနှင့်  ပန်းရောင်ဂါဝန်ကားကားလေး ဝတ်ဆင်ထားသည့် ချစ်စရာ ကလေးငယ်တစ်ယောက် ။  ထို ခလေး ရဲ့မျက်နှာကို မြင်လိုက်တာနှင့် ဂုဏ်ရှိန်  ဒေါသကထောင်းခနဲ ဖြစ်သွားပြီး  အိပ်ယာပေါ်မှ ဆက်ခနဲထ ထိုင်လိုက်သည် ။ဒီဟာလေးက ဘယ်ကနေရောက်လာတာလဲ။

'' ဘာလို့ အခန်း ထဲဝင်လာတာလဲ ဘယ်သူ့ခွင့်ပြု ချက်နဲ့လဲ . . . 

ဂုဏ်ရှိန် ကြောက်အောင်အော်ပြောလိုက်သည့်တိုင် သူမကတော့ မေးတာထင်ပြီး ပြန်ဖြေသေးသည်။

''ဘယ်သူ့ ခွင့်ပြု ချက်နဲ့မှ ဟုတ်ပါဘူး
မီးမီး က ဖေဖေ လေးနဲ့ ကစားချင်လို့ လာတာပါ.'. . . . . .

''ဘာပြောတယ် . . . . ဘယ်သူက ဒီမှာ ကစားလို့ရတယ်ပြောထားလို့လဲ သွား အခု အပြင်ထွက်.   . . .

''မီးမီး တစ်ယောက်ထဲ ပျင်းလို့ပါ ကစားရအောင်ပါ  ဖေဖေလေးရယ် နော်နော်. . .နော်လို့. . .   

''တောက် . . . . ပြောနေတာ နားမပါဘူးလား. . .
စန်းစန်း.. . . . .စန်းစန်း. . . ဒေါ်ညို. . တောက် အိမ်ကလူတွေ ဘယ်တွေရောက်ကုန်တာလဲကွာ
ဒီကလေး တစ်ကောင်တောင် စောင့်မကြည့်နိုင်ကြဘူးလား. . . . စန်းစန်း. . . 

ဂုဏ်ရှိန် ရဲ့ကျယ်လောင်စွာအော်ခေါ်သံကြောင့် ဘုရားခန်းထဲ ပန်းအိုးတွေကူပြီးနေရာချပေးနေသည့် စန်းစန်း တစ်ယောက် အသားပင် တုန်ပင်တုန်သွားသည်။

''ရှင် . . .အကိုလေး. . . .

''သွားလိုက် သွားလိုက် ညည်းအကိုလေးခေါ်နေပြီ ဘာဖြစ်တယ်မသိဘူး.'. . .

''ဟုတ်ကဲ့ မေမေကြီး. . . . လာပြီ အကိုလေးရေ. . . .

စန်းစန်းတစ်ယောက်  လုပ်နေသည့်အလုပ်ကိုထားခဲ့ပြီး  ဂုဏ်ရှိန်ထည်ဝါ အခန်းသို့ပြေးလာခဲ့သည်။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Where stories live. Discover now