အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

967 37 0
                                    

အပိုင်း (၁၆)

''ဝေ. . . .အဲ့လို မလုပ်ပါနဲ့. . . . . .

''ငါ နင့်ကို ပြောစရာစကားမရှိဘူး. . . . . 

နှင်းဆုဝေ က အကျီင်္ င်္ ချုပ် မပျက်ပဲ ထက်ထက်ကို ဥပေက္ခာပြုလိုက်သည်။

''ငါတောင်းပန်ပါတယ် ဝေ. . .  
ငါနင့်ကို ညာခဲ့မိပါတယ် . . . .

'''. . . . . . . .

''ဝေ.. . .  နင် . . . ငါ့ကို ကတိပေးထားတယ်လေ
ငါ့ကိုစိတ်မဆိုးဘူးလို့. . . . နင်ကတိမတည်ဘူးလား. . .

''ပြောကြည့် နင် ဘာတွေ ရူပ်ထားလဲဆိုတာ. . .
ငါ အဲ့ဒီ မိသားစု ကို အရမ်းမုန်းတယ် မပတ်သက်ချင်ဘူး ကင်းကင်းနေချင်တယ်. . .
အဲ့တာ နင်လဲ သိတယ်. . တစ်ခါလေး မှ  မတွေးမိခဲ့ဘူး  ငါ့ဘေးနားက လူတစ်ယောက် ထပ်ပြီး   အဲ့ဒီ မိသားစုနဲ့ ပတ်သက်လိမ့်မယ်လို့. . . . . . . . 

''ငါ သိပါတယ် နင် သူတို့ကိုသဘောမကျတာ. . .
ငါကရော သဘောကျတယ်လို့ နင်ထင်လိုလား. .
နင်ပြောတော့ ငါ့ကိုနားလည်တယ်ဆို. . .

''နားလည်တယ်. . .အရင်က ငါ နင့်ကို နားလည်ခဲ့တာ. . အခု နင့်ကို မဟုတ်ဘူး. . .
အဲ့ဒီ မိသားစုကြောင့် ငါ ချစ်တဲ့ လူတစ်ယောက်ကို ဆုံးရူံး ပြီး ပြီ . . အခုတစ်ခါ ငါ့ဆီကနေ နင့်ကိုပါလုယူ သွားပြန်ပြီ. . . . .

''အဲ့လိုမဟုတ်ပါဘူးဆို. . . .

''အဲ့တာဆို ဘယ်လိုလဲ.  . . . . နင်နဲ့ အဲ့ဒီ လူနဲ့ ဘယ်တုန်းထဲက ကြိုက်နေကြတာလဲ. .
ငါ ဘာလို့မသိရတာလဲ. . . . .ငါ မုန်းတယ်ဆိုလို့ လို့ ဝှက်ထားခဲ့တာလား. . . . . ငါက ပဲ နုံအခဲ့တာလား. . . .ငါ့အထင် နင်လဲ သူတို့ကိုမုန်းနေမယ်လို့ ထင်ခဲ့တာ.  . . .

''ဝေ. . .နင် . . . ငါပြောတာကို အရင်နားထောင်ပေးလို့မရဘူးလား. . . 

''ပြောလေ. . ဒါဆို. . . .

''ငါ အခုပြောဖို့  ခတ်နေလို့. . . .

''အခု ခတ်နေတုန်း လား. . . နင်လုပ်ချင်တာ လုပ်ပြီးတာတောင်. . . .

''ငါလုပ်ချင်တာ လုပ်တယ်လို့ နင်ဘာလို့ထင်ရတာလဲ. . . ငါလဲ အရမ်းမုန်းတယ်. . သတ်ပစ်ချင်လောက်အောင်မုန်းတယ်. . . ဂုဏ်ရှိန်ထည်ဝါ ဆိုတဲ့ ရွှံစရာကောင်းတဲ့လူကို  လောကကြီးထဲက ထုပ်ပစ်လို့ ရ ရင်ထုပ်ပစ်လိုက်ချင်မိတယ်. . .  ဒါပေမယ့် အခုချိန်မှာ ငါ့စိတ်တိုင်းကျ လုပ်လို့မရဘူး. . . အဲ့တာနင်သိလား. . . . ကိုကို လဲ မရှိတော့ဘူး. . .
ငါ့မိသားစု မှာ ငါကလွှဲပြီး ဦးဆောင်နိုင်တဲ့လူလဲမရှိတော့ဘူး. . . .
အဲ့တာကြောင့် ငါဒီလမ်းကိုရွှေးခဲ့တာ. . . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Donde viven las historias. Descúbrelo ahora