အတ္တ နဲ့ ချည်တဲ့ကြိုး

817 32 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

အပိုင်း (၄)

''သား. . . . ဒီနေ့ ပျော်လာတဲ့ပုံပဲ. . . . .
ဘာတွေပြုံးနေတာလဲ. . . .မေမေ ကြည့်နေတာကြာပြီ. . . .

သားအမိ ၂ယောက် ညစာ  အတူ စားရင်း  ပြုံးစိစိ ဖြစ်နေသည့်  ဂုဏ်ရှိန်ကို မိခင်ဖြစ်သူက မေးလိုက်သည်။ တကယ်တော့ ဂုဏ်ရှိန် ညနေ က အဖြစ် အပျက်တစ်ခုကိုပြန်မြင်ယောင်ပြီးပြုံးမိသွားတာဖြစ်သည်။သူကိုယ်တိုင်ပင်ပြုံးမိတာမသိလိုက်ပေ။

''ဘာရယ်မဟုတ်ဘူး ဒီတိုင်းရယ်စရာတွေးမိလို့. . .

''ဟုတ်လား ငါ့သားကိုရယ်စေတဲ့ အရာ ရှိတယ်လား. . .

'' နည်းနည်း ကချော်ကချွတ်နိုင်တဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့လိုပါ့. . . .

''ငါ့သားကိုရယ်စေတဲ့ အဲ့ဒီကောင်မလေးကိုတွေ့ချင်လိုက်တာ. . . .

အပြုံး အရယ်နည်းတဲ့ သားဖြစ်သူကို ဒေါ်အေးခိုင် ပြောလိုက်သည်။  ဂုဏ်ရှိန် အရင်ကတော့ ဒီလိုမဟုတ်ပေ ။ ဒါက  ဒေါ်အေးခိုင် ရဲ့ ဖခင်ဖြစ်သူ ရဲ့ စနက် ဆိုရင်လဲ မမှားဘူးပေါ့ ။ ငယ်စဉ်က ဒါဆိုဒါ လိုက်လုပ်ရင်း ယခုလို အေးစက်စက် အလုပ်ကလွဲပြီးစိတ်မဝင်စားတဲ့ သူဖြစ်နေတာ ဖြစ်သည်။ ဖခင်ဖြစ်သူကို ဒေါ်အေးခိုင်ကလဲ ကြောက်ရတာကြောင့်သားကို ပုံသွင်းနေပေမယ့် ပြောင်းလဲခွင့်မရခဲ့ ။ ယခု ဂုဏ်ရှိန် ပုံစံက တစ်နေ့တခြား  ဒေါ်အေးခိုင်ရဲ့ အဖေနဲ့တူလာလေသည်။ အလုပ်အတွက်ဆို ညစ်ပတ်တဲ့နည်းလမ်းလဲသုံးနိုင်သည်။ ညစ်ပတ်တယ်မခေါ်ပေမယ့် လှည့်ကွက်တွေ လဲ အများကြီး ဂုဏ်ရှိန်က လုပ်နိုင်သည်။ ဒါကြောင့် လဲ ဂုဏ်ရှိန်လက်ထက်မှာ ကုပ္မဏီက ၂ဆ အောင်မြင်လာတာဖြစ်သည်။ အလုပ်သရဲ လို အချိန်ပြည့် အလုပ်ထဲမှာပဲကုန်ဆုံးနေခဲ့သည်။
အပြင်လောကကိုထွက် ချစ်သူရည်းစားထားကြည့်ဖို့ဆိုတာဝေးလို့ ။

***********   ********** ******
မြင့်မိုလ်ထက် မြန်မာပြည် ပြန်ရောက်ခါစမို့ ဘယ်မှ မသွားပဲ အိမ်မှာပဲ အနားယူဖြစ်နေသည်။ စက်ရုံကလဲ ပုံမှန်လည်ပတ်နေဆဲမို့  အဆင်ပြေသည်။အိမ်မှာနေသည် ဆိုပေမယ့် စက်ရုံ အတွက် အခွင့်အရေး အသစ်တွေ ရဖို့  ဂျပန် က လူတွေနဲ့ ဆက်သွယ်စကားပြောကြည့်နေတာလဲဖြစ်သည်။
ဒီနေ့ကတော့ ပိတ်ရက်မို့ ဖေဖေ လဲ အိမ်မှာရှိနေသည်။ မေမေ ကတော့ ထုံးစံ အတိုင်း စားကောင်းတာတွေ ချက်ဖို့ အလုပ်ရူပ်လျှက်ပေါ့။

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Donde viven las historias. Descúbrelo ahora