အတ္တနဲ့ ချည်တဲ့ ကြိုး
အပိုင်း (၄၄)
''မှူး . . . . ဘာလို့ ဒီကို လာတာလဲ. . . .
ဒီနေရာက နင်လာသင့်တဲ့နေရာမဟုတ်ဘူး. . . .''ဘာလို့လဲ . . . ဘာလို ့လာလို့ မရ တာလဲ. . . . ရှင်တောင် ဒီထဲမှာနေတာပဲကို. . . .
''ငါ က လူသတ်ခဲ့တဲ့ ကောင်ပါ. . . .
မှူး မင်းနဲ့ မတူပါဘူး. . . . . .
ငါ့လိုကောင်ကြောင့် မင်းဒီကို လာတာသိက္ခာ ကျပါတယ် . . . . .''ရှင်အဲ့ဒီလိုတွေ လုပ်ခဲ့တာ မှူးကြောင့်လေ. . . မဟုတ်ဘူးလား. . . . မှူးကြောင့် မို ့ အခုလိုဖြစ်သွားတာ. . . .
''မဟုတ်ဘူး. . . မင်းကြောင့် မဟုတ်ပါဘူး. . . . ငါ က မကောင်းတဲ့ကောင်ပါ မကောင်းတာ သိရက်နဲ့ သာယာနေခဲ့တာ . . . . .
တားစီးတဲ့ လူရှိရင်တောင် သတ်ပစ်ချင်လောက်အောင် မုန်းခဲ့တာ. . . . .''ရှင် သတ်ခဲ့တာမှ မဟုတ်တာ. . . . .
''ငါ လက်နဲ့ မသတ်ပေမယ့် ငါကခိုင်းခဲ့တာ. . . .ဒါပေမယ့်. . ဒါပေမယ့် အဲ့ဒီ သေနေတဲ့ လူ၂ယောက်ကို ငါ အခုထိ မေ့ လို ့မရခဲ့ဘူး. . . . . ငါ အိပ်ရင်တောင် မျက်နှာတွေ ပြန်ပေါ်လာတက်တယ်. . .
အဲ့ဒီ အရိပ်ကြီးက ငါ့ဘဝမှာ အမြဲကြီးစိုးနေခဲ့တာ. . . . .ပြီးတော့ ငါ ဂုဏ်ရှိန်ထည်ဝါ ကို မနာလိုစိတ်ကြီးခဲ့တာ. . . .ကိုယ့်ကို ကိုယ် အထင်ကြီး ခဲ့မိတာ. . . အားလုံးဟာ ငါပဲ မှားခဲ့တာပါ. . .
ငါသာ မစခဲ့ ရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး. . . .ပြီးတော့ ငါ သူမကို အရမ်းအားနာတယ်. . .''ဘယ်သူလဲ မြင့်မိုလ်ထက် လား. . .
ရိုးဂုဏ် ခေါင်းငြိမ့်ပြလိုက်သည်။
''မှူး ကြားတာ အန်တီက တောင်းပန်ဖို ့ကြိုးစားတာတောင် လက်မခံခဲ့ဖူးတဲ့. . .
အန်တီကတော့ ရှင့်ကို ပေါ့ပေါ့လျော့လျော့ အရေးယူစေဖို ့တောင်းပန်တာ ထင်ပါတယ်. . . .''မေမေ က တော့ မလိုတာတွေ လုပ်နေပြန်ပြီ. . . . ငါ ့အတွက် ပေါ့လျော့သွားမယ့် အမူဆိုတာ မရှိဘူး. . . ငါ အကြောင်းငါက လွဲပြီး ဘယ်သူ မှ ပိုမသိဘူး. . . ငါ သူမကိုအရမ်းအားနာတယ်. . . .သူမ ဘဝ ရဲ့ အရေးကြီးတဲ ့သူတွေကို ခဏခဏ ဆွဲယူနေမိတယ်. . . ခွဲခွာရအောင် လုပ်နေမိတယ် အခုလဲ . . . . . .
ESTÁS LEYENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...