အပိုင်း (၈)
နေသူရ မသိဘူး သိတယ် ဖြေနေသည့် ၂ယောက်ကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်သွားသည်။
'' နင်က ဘာသိတာလဲ. . .
''ဟုတ်တယ်လေ သိတယ်လေ အအေး ဆိုင်မှာ မင်းနူတ်ခမ်းကိုတောင် ငှားလိုက်သေးတယ်လေ. . . . .
''ဘာ . . . နင်. . . သေချင်နေလား . . .
''ဟ မဟုတ်လို့လား. . . .
''နင်. . . . . .
''ဂျပန်မ . . . လက်မပါကြေး. . . .
ထက်ထက်က ရိုက်ဖို့ ပြင်လိုက်တော့ Light က လက်ကို ဖမ်းတားလိုက်ပြီး ဖယ်ချလိုက်သည်။ နေသူရ ကတော့ ကြားလည်မှာ ဟိုကြည့် ဒီကြည့်ဖြင့်မျက်လုံး အပြူးသား လေးဖြစ်နေရှာသည်။
''ခဏ အလုပ်အကြောင်းပဲပြောရအောင်
ရန်ဖြစ်နေတာ ရပ်ကြပါဦး. . . . ဒါနဲ့ ဘယ်လို သိကြတာလဲ. . . . .''နူတ်ခမ်းငှားရင်း သိကြတာ. .
''နင်. . . .
'' Light. . .ဘယ်လိုတွေပြောနေတာလဲ. . . .
''အကိုကလဲ ဘာပြောလို့လဲ တကယ်ပါဆို. . . အရင်တစ်ခေါက်က အကိုယ့်ကိုပြောတယ်လေ ပလာဆာ တစ်ခုမှာ fan တွေနဲ့ ပိတ်မိတဲ့ ကိစ္စ. . အဲ့ ဒီနေ့ကသိတာ. . . . သူ့ ကို အကူအညီတောင်းပြီး အတွဲဟန်ဆောင်လိုက်တာ အဲ့တာပြောတဲ့ဟာ. . .
''သြော်. . အဲ လို ရှင်းရှင်း လင်းလင်းပြောလေ မင်းဟာက နူတ်ခမ်းငှားတယ် နူတ်ခမ်းငှားတယ်နဲ့. . . . .ငါတောင် မင်းအစား ပါးယားလာသလိုပဲ. . .
''တော်တော့ အကိုရေ သူက ဒေါသအိုးဗျ. . .
လက်သံကလဲပြောင်ပါ့. .''ထားပါတော့ ဒီက ညီမက. . .
ထက်ထက်က light ကိုမျက်စောင်းထိုးလိုက်ရင်း နေသူရ ဘက်သို့လှည့် ၍ . . . .
''ဟုတ်ကဲ့ ညီမက Uc ကနေ ဆက်သွယ်ခဲ့တဲ့ သူပါ
အခုလက်ရှိတော့ Uc ရဲ့ ဒီဇိုင်နာပေါ့. . . . .
မြင့်မိုလ်ထက် ပါ. . .''သြော် ဟုတ်ကဲ့တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ
ကျွန်တော်က Light ရဲ့ မာန်နေဂျာ နေသူရပါ . . .''နာမည်ကလဲ တောင်တန်း နာမည်နဲ့. .
''နင့်အပူ မပါဘူး. . . .
ESTÁS LEYENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...