အတ္တနဲ့ ချည်တဲ့ ကြိုး
အပိုင်း (၂၆)
"အကို ကလဲဗျာ နောက်နေပြန်ပြီ သူတို့က ခင်တာ. . . .
''အေးပါ အကိုက ဘာပြောမိလို့လဲ. . .
လိုက်တယ်လို့ပဲ ပြောမိတာပါ. . .
ဂုဏ်ရှိန်. . . . .ဂုဏ်ရှိန်က ခေါ်သံကြောင့် မော့ ကြည့်လိုက်သည်။
''တစ်ယောက်နဲ့ တစ်ယောက် ချစ်လို့ ယူထားကြတာ အဆင်ပြေပြေနေကြ
အတိတ်ကို ပြန်တွေး မနေနဲ့ ကြားလား
မင်းဘေးက လူတွေက မင်း ကို စိုးရိမ်နေကြတာ. . .မင်း အဖိုး အပါ အဝင်ပေါ့. . . . အတိတ်က မလွတ် နိုင်တဲ့သူ မဖြစ်စေချင်ကြတာ. . . .ဒါကြောင့်လဲ အခု ဒီကလေး မလေး နဲ့ မင်းကို သဘောမတူကြတာ. . . .မင်းတို့ချင်း တကယ်ချစ်နေကြတာဆိုတော့. . . .
ဘာဖြစ်ဖြစ် ၂ယောက် အတူ ရင်ဆိုင်ပေါ့. . .ဒီနေ့ လိုပဲ. . . .
ဒါပေမယ့် နောက်ကျရင် ဘာလုပ်လုပ် အခုလို တစ်ဖက် လူတွေ နစ်နာအောင် မလုပ်နဲ့ . . . . . . အခု မှူးခေတ်သစ်တို့ နဲ့ မိတ်ပျက်သွားပြီပေါ့ . . . . ပြီးတော့ မင်း ရဲ့ ချစ်သူ ကိုလဲ သူများ အထင်သေးတာပေါ့. . . နောက်မလုပ်နဲ့ ကြားလား. . . .ဂုဏ်ရှိန် ခေါင်းငြိမ့်ပြလိုက်သည်။
နောက်တစ်ကြိမ်လဲ လုပ်လို့ မှ မရတော့တာ . . . ဒါက ချိန်ကိုက် ဘုံး တစ်ခုလိုလဲ အချိန် နဲ့ ပြေးနေတာလေ။
ပေါက်ကွဲဖို့ သူ့ အချိန်ကို သေချာပေါက် စောင့်ရတာပင်။'' ထက်ထက် ငါပြောတယ်လေ နင့်ကို. . ငါ့ အကို သူမလုပ်ရဲတဲ့ အရာ မရှိဘူးလို့. . . . သူသာ လိုချင်တယ်ဆိုရင် ဘာဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရအောင်ယူတက်တယ်. . . စီးပွားရေးရော အခြားအရာတွေရော. . . ငါ တကယ် နင့်ကို မကူညီနိုင်ခဲ့ဘူးပဲ. . . .
''Light နင်အရမ်း စိတ်မကောင်း မဖြစ်ပါနဲ့ ငါနဲ့ နင့် အကိုလက ချစ်သူတွေလေ. . . .ငါ့ သူ့ကို နားလည်ပေးနိုင်ပါတယ်. .
''နင်လိမ်နေတာ. . . . ထား လိုက်ပါတော့ ငါနင့်ကို ဖိအား မပေးတော့ဘူး. . .
ဒါပေမယ့် နင်သိထား ရမှာက ငါ နင့်ဘက်မှာ ရှိတယ်ဆိုတာကိုပဲ. . . .
ငါ့ အကိုက နင့်အပေါ် မကောင်းရင် ငါ့ကိုပြော. . .''ဘာလဲ နင်က သူ့ကို သွားဆွဲ ထိုး မလို့လား. . . .
''နောက်မနေနဲ့. . ငါ အတည်ပြောနေတာ. . . .ငါ့အကို အကြောင်း ငါ အသိဆုံး မို့လို့ပဲ. . . .
YOU ARE READING
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...