အတ္တ နဲ့ ချည်တဲ့ကြိုး

702 25 0
                                    

အတ္တနဲ့ ချည်တဲ့ကြိုး😌😌

အပိုင်း (၉)

စာအုပ်ကိုရှေ့ ထိုးပေးလိုက်ရင်း မြင့်မိုလ် ထက်ပြောလိုက်သည်။
ဂုဏ်ရှိန်ကလဲ စာအုပ်ကိုကောက်ယူကြည့်လိုက်ရင်း အခြားပုံတွေကိုပါ လှန်လျော ကြည့်လိုက်သည်။
ပုံတစ်ပုံဆွဲပြီးတိုင်း Date နဲ့ လက်မှတ်ထိုးထားတာတွေ့ ပြီး ဒါက သူမရဲ့ စည်းကမ်းတစ်ခုလဲ ဖြစ်ပုံရသည်။
ဒါပေမယ့် ဒါတစ်ခုထဲနဲ့တော့ သူတို့ ထည်ဝါက ခိုးချတာပါလို့ စွတ်စွဲလို့ မရဘူးပေါ့။
အတွေးတူသွားတာလဲဖြစ်နိုင်သလို ဒီလိုစာအုပ်တစ်အုပ်ကိုသူမတို့လို ဒီဇိုင်နာတွေ အဖို့ ချက်ချင်းဖန်းတီးလို့လဲ ရတာပဲ မဟုတ်လား ။
ယုံကြည်ချက် အပြည့်ဖြင့် ဂုဏ်ရှိန်ကလဲ  ဒီဇိုင်းဆွဲသည့် ဒီဇိုင်နာ ရဲ့ အလုပ်လျောက်လွှာကိုပြန်စစ်ဖို့တောင်းလိုက်သည်။ သေချာကြည့်လိုက်တော့ Uc မှာ အလုပ်လုပ်ဖူးတာတွေ ့ရသည်။ အတွေ့ အကြုံ ရှိမရှိမေးသည့်နေရာမှာ Ucမှာ ဒီဇိုင်းဆွဲခဲ့ဖူးကြောင်းသိခဲ့ရသည်။
ဂုဏ်ရှိန်က ဒီဇိုင်းဆွဲသူကို ရုံး သို့လာခဲ့ဖို့ လှမ်းခေါ်လိုက်သည်။ လူတွေအများကြီးမို့ ဒီဇိုင်နာတိုင်း ဂုဏ်ရှိန်လဲ မမှတ်မိ။
သိပ်မကြာခင် တံခါးခေါက်သံနှင့်အတူ မိန်းကလေးတစ်ယောက်ဝင်လာသည်။

''ဒေါက်. . ဒေါက်. . . .

''ဝင်လာပါ. . . .

''ဖျတ် . . ဖျတ်. . .

''သူဌေး ခေါ်တယ်ဆိုလို့ပါ. . . . .

''ဟင် . . နီလာ.'. .  .

''မင်းတို့ တွေက အသိတွေလား. . . .

မြင့်မိုလ်ထက်က နီလာ ကို  ခေါ်လိုက်တော့ နီလာ က မျက်နှာကွက်ခနဲ ပျက်သွားသည်။ ဒါပေမယ့် ချက်ချင်း ပြန်ပြင်လိုက်ပြီး . . . .

''သူက အရင်က နီလာ လုပ်ခဲ့ ဖူးတဲ့ စက်ရုံ က သူဌေးရဲ့ သမီးပါ အဲ့တာကြောင့်မြင်ဖူးတာ. . . .

ဂုဏ်ရှိန်ခေါင်းငြိမ့်ပြပြီး ထိုင်ဆိုသည့်သဘောပြောလိုက်သည်။

''ခေါ် လိုက်တာက ဒီ ဒီဇိုင်းနဲ့ ပတ်သက်ပြီး ပြောချင်လို့ပါ. . . . .  မင်းဆွဲထားတဲ့ ဒီ အကျီ ၤ ဒီဇိုင်းနဲ့  Uc က ဒီဇိုင်းနဲ့တူနေလို့ပါ ဒီမှာကြည့်. . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Donde viven las historias. Descúbrelo ahora