အတ္တနဲ့ ချည်တဲ့ကြိုး😏😏
အပိုင်း (၁၈)
"sorry. . . Do you know me ?. .
(. . . . နင်ငါ့ကိုသိလို့လား )"yes . . i know. . .
( . . . ငါသိတယ် . . .)မြင့်မိုလ်ထက် လူစိမ်းကိုသေချာပြန်ကြည့်လိုက်သည်။
''မိတ်ဆက်မပေးရသေးဘူးပဲ ကိုယ်က New Way ရဲ့ ပိုင်ရှင် ရိုးဂုဏ်မြင့် ပါ . . . မင်းရဲ့ ခင်ပွန်းလောင်း ဂုဏ်ရှိန်ထည်ဝါ ရဲ့ အချစ်ဆုံး သူငယ်ချင်းပေါ့ . . .
New Way.. . . ထက်ထက် New way ကိုသိပါသည် ။ သူကလဲ နာမည်ကြီး ကုပ္မဏီတစ်ခု။ဒါပေမယ့် ထက်ထက် သိသလောက်ကတော့ ဂုဏ်ရှိန်ထည်ဝါ နဲ့ အရင်းနှီးဆုံးသူငယ်ချင်း ဆိုလို့ ဆရာဝန်တစ်ယောက်သာ ရှိသည်လေ ။ အရင်ကလဲ New Way နဲ့ ထည်ဝါ က စီးပွားရေး ဈေးကွက် ပြိုင်ဆိုင်လုယက်မူတွေရှိခဲ့ဖူးတာကြားဖူးသေးသည်။
''ဝမ်းနည်း လိုက်တာရှင့်. . . ကျွန်မ ခင်ပွန်းလောင်းက လူကြီးမင်းလို လို အချစ်ဆုံး သူငယ်ချင်း အကြောင်းကိုတောင် ပြောပြ မထားလို့. . .
''အဲ့ဒီကောင်က အဲ့လိုပါပဲ. . . ဒါနဲ့ မိန်းမလှလေး. . .. .မင်းက ဒီဇိုင်းအရမ်းကျွမ်းတယ်ဆို. . . .
မက်လောက်စရာပဲ. . ငါ့ကုပ္မဏီမှာ အလုပ်လာလုပ်ပါလား. . . .''sorry ပါရှင့်. . . ကိုယ်ပိုင် အပ်ချုပ် ဆိုင်လေးပဲဖွင့်ထားပါတယ် . . သူများ လက်အောက်ခံ မလုပ်ချင်လို့. . .
''ဝါးးးး. . .အရမ်း အမျော် အမြင်ရှိတာပဲ. . .
''ဟုတ်ကဲ့. . . ဖိတ်ခေါ်ပေးတာကျေးဇူးပါရှင့် ကိစ္စမရှိတော့ရင် သွားခွင့်ပြုပါဦး. . .
''အိုးဟိုး. . .ဖြေးဖြေးပေါ့ မိန်းမလှလေးကလဲနေပါဦး. . . .ခင်ခင် မင်နေရအောင်လေ. . . မင်းက ဒီမှာ gym အမြဲလာကစားဖြစ်လား ကိုယ်လဲ အသင်းဝင်ထားတာ. . .နောက်ဆို အချိန်တိုက်ပြီး လာကြတာပေါ့ . , . . .
ထက်ထက် ဟန်ဆောင်ပြုံးလိုက်ပြီး. . . .
'' ကျမ က အမြဲ မလာတက်ဘူးရှင့်. . .
တစ်ခါတစ်လေမှ လာတာ . . လူကြီးမင်းလဲ လာကစားတာထင်တယ် တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်နေပါဦးမယ်. . ခွင့်ပြုပါဦး. . .
ESTÁS LEYENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...