အတ္တနဲ့ချည်တဲ့ကြိုး
အပိုင်း (၃၀)
"ဘာလဲ ဟ. . . နင့် ရဲ့ ဦး ဂုဏ် ဆိုတာ. . . .
''မဟုတ်ဘူး လား. . .နင့် ရဲ့ ဦးဂုဏ်လေ. . . .
''ဝေ. . . .
''အေးပါ. . .အေးပါ. . မစတော့ဘူး. . .
နင် အဆင်ပြေရဲ့လား. . . . .''အဆင်ပြေတယ် လို့ ငါပြောသင့်လား. . . . . အခု ထိတော့ အဆင်မပြေစရာ မရှိပါဘူး. . . . .ငါတို့ တစ်ယောက်တစ်ခန်းနေတယ်. . .သူ အမေ က ငါတ်ို့နေတဲ့အိမ်မှာ မနေတော့ဘူးလေ ကလေး ရှိတဲ့ ဘက် ပြောင်းသွားတယ်. . . သူ့ အမေ ဒီဘက်အိမ်မှာ မရှိတော့ ငါ နေရစားရ ပိုချောင်တာပေါ့. . . . သန့်ရှင်းရေးနဲ့ စားစရာတွေတော့ မနက်ပိုင်းကျ အလုပ်သမားတွေ လာပြင်ပေးသွားကြတယ်. . . ငါ လဲငါစားချင်တာစားတယ်. . .
သူ စားလား မစားလား ငါလဲမသိဘူး. .''တော်တော် အဆင်ပြေတဲ့ အိမ်ထောင်ရေးလို ့ပြောလို ့ရတာပေါ့. . . . . .
ထက်ထက် က ဝေ ကို မျက်စောင်း ထိုးလိုက်သည်။
'' ဟုတ်တယ်လေ ရန်မဖြစ်ရင် အဆင်ပြေတာပဲ. . . .
'' ရန်ဖြစ်စရာ အကြောင်း မရှိသေးတာလဲ ပါလာတာပေါ့. . . .
''ဘယ်သူနဲ့ ရန်ဖြစ် မလို့လဲ. . . .
မေးလိုက်သံနဲ့ အတူ Light က ဆိုင်ထဲ လှမ်းဝင်လာသည်။
''ဟယ်. . .ထည်ဝါ ရဲ့ ဒုတိယ သခင်လေးပါလား ကြွ ပါရှင့်. . . . ကြွပါ. . .
ဝေ က ခပ် ရွဲ ့ရွဲ ့ ပဲ ဖိတ်ခေါ် လိုက်သည်။
''Light ဘယ်က လှည့်လာတာလဲ. . .
နင်တစ်ယောက်ထဲလား. . .''ငါ ကတစ်ယောက်ထဲ မလာလို့ ဘယ်သူ ခေါ်လာရမလဲ. . .
''နင့် မန်နေဂျာရော. . .
''သေပြီ. . . . .
''အယ်. . . .
Light ရဲ့ အဖြေ စကားကြောင့် ထက်ထက် နှင့် ဝေ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
'' ငါ ဒီညနေ သွား ရတော့ မှာ ငါ့ရဲ့ ဝတ်စုံတွေ. . .
''အေး ပြီးနေပြီ. . . ဒီမှာ. . . .
ထက်ထက် က သေသပ်စွာ ခေါက်ထားသည့် ဝတ်စုံ သုံးစုံကို Light ကို ကမ်းပေးလိုက်သည်။
VOCÊ ESTÁ LENDO
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Romanceတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...