အတ္တနဲ့ချည်တဲ့ကြိုး

633 27 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး

အပိုင်း (၃၂)

"ဟွန့် . . . ကိုက်ို ကလဲ. . . မှူးက ကိုကို  ကိုယ်ပဲ လိုချင်တာ. . . .

''မှူးခေတ်သစ်. . . . အဲ့တာ မင်းပြောသင့်တဲ့ စကား မဟုတ်ဘူးနော်. . . .

''မသိဘူး ပြောမှာပဲ. . . .ကိုကို ကရော မှူး ကိုဆို ဘယ်တုန်း က ဂရု စိုက်ခဲ့ လို့လဲ. . . .

'' အဲ့ လို ဂရုမစိုက်တဲ့ လူနား မှာ မင်း အပင်ပန်းခံပြီး မနေသင့်တော့ဘူး. . .
မင်း အတွက် သင့်တော်တဲ့ အခြား လူကို ပဲ ရွေး ချယ်လိုက်ပါ. . . အခု လဲ ပြန်သင့်နေပြီ. . . .မင်း အမေက ဒီကို မလာဖို့ ပြောထားတယ်မဟုတ်လား. .
သွားတော့. . . မသိခင် ပြန်တော့. .  . .

ဂုဏ်ရှိန်က တွယ်ကပ်လွန်းတဲ့ မှူးခေတ်သစ်ကို    ချော့လိုက် ခြောက်လ်ိုက် ပြန်လွတ်လိုက်သည်။
မှူးခေတ်သစ် ပြန်သွားပြီးနောက် ရိုးဂုဏ်မြင့် ထံရောက်သွားသည်။

''ကိုယ့် ရဲ့ မှူးလေး. . . .ဘယ်လိုရောက်လာတာလဲ. . .
ဘာလဲ ကိုယ့်ကို လွမ်းလို့လာတာလား. . . . .

''ဘာလို့ ရှင့် ကို လွမ်း ရမလဲ ရှင်က ကိုကိုဂုဏ်ရှိန် မှ မဟုတ်တာ. . .

ရိုးဂုဏ်မြင့် ရယ်နေရာမှ မျက်နှာ လငပုတ်ဖမ်းသွားခဲ့၏ ။ ထို အခြေ အနေကို မှူးခေတ်သစ်ကတော့ လုံးဝ မမြင်ခဲ့ပေ။

'' အဲ ဒီကောင်မကြောင့် . . . ကိုကိုက အခုလိုဖြစ်သွားတာ. . . .အဲ့ကောင်မက ကဝေ မ ပဲ မုန်းလိုက်တာ. . . . . . အရှက်မရှိဘူး. . . . အဖိုး က သဘော မတူတာတောင် အတင်း ကိုကို ကိုယ် ငါ့ဆီက လုယူသွားသေးတယ်. . . .
လုံးဝ မကျေနပ်ဘူး. . . .

''ဟုတ်တယ် မကျေနပ်ဘူး. . . 
မင်းကို အရှက်ရစေခဲ့သေးတယ်. . .

''ရှင့်မှာ နည်းလမ်း မရှိဘူးလား. . .
သူ့ကို အရှက်ခွဲ နိုင်တဲ့ နည်းလမ်း. . .မှူး သူ့ကို အရမ်းမုန်းတယ်. . . 

''ကိုယ်လဲ မှူး နဲ့ထပ်တူပဲ မုန်းတယ်. . .

''အဲ့တာ ဆို နည်းလမ်း ရှာပေး. . .
မှူးခံစား ရသလို  သူလဲ ပြန်ခံစားရအောင်. . . .

''မင်းဆီက ဆု က ဘာရမှာလဲ. . .

''အဲ့တာက ရှင် ဘာလုပ်နိုင်လဲ ဆိုတာပေါ်မှာ မူတည်တယ်. . . . 

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Opowieści tętniące życiem. Odkryj je teraz