အပိုင်း (၇)
''ဒါက ဘာတွေလဲ ဒါကို ဒီဇိုင်း လို့ခေါ်တာလား. . . . . ဒီလောက်ကတော့ သူငယ်တန်း ကလေးတောင်ဆွဲတက်တယ်. . . . ငါ မင်းတို့ကို လစာအများကြီးပေးပြီးခေါ်ထားတာ. . . .ဒါပဲလား . . . ဒီဇိုင်းတွေက ထပ်နေပြီ. . .သေချာပြန်တွေးဦး မင်းတို့က ဒီဇိုင်နာတွေရော ဟုတ်ရဲ့လား. . . . လူတွေ ဒီလောက်အများကြီး ပေးထားတာတောင် အားလုံးရဲ့ ဒီဇိုင်းတွေက ဆင်တူနီးပါးပဲ . . ဘာလဲ တစ်ယောက်နဲ့တစ်ယောက်ပြန်ကူး ပြီး ညှိ ထားတာလား. . .ကျေးဇူးပြုပြီး ကုပ္မဏီ ဘက်ကိုလဲတွေးပေးကြပါဦး. . . . ၁လ တစ်ခါ ဒီဇိုင်း အသစ်မထွက်နိုင်တာ ထားပါတော့ ၃လ တစ်ခါတောင် အရင် ဒီဇိုင်းတွေနဲ့ မကွာဘူးဆိုတော့ ငါ ဘာသွားလုပ်ရမလဲ မင်းတို့ပြော. . . . . ငါပြောတာမှန်လား မှားလားသေချာပြန်ကြည့် ကြရော့.'. . . . .
ပုံကြမ်း ဆွဲထားသည့် စက္ကူ အထပ်လိုက်ကို ပစ်ချပေးလိုက်ရင်း ဂုဏ်ရှိန် ဒေါ အပွကြီး ပွနေတာဖြစ်သည်။ ဒေါသဖြစ် လဲ ဖြစ်ချင်စရာပင်။ ဘရန်း အတွက် ဒီဇိုင်းတွေက အရင်ထုပ်ပြီးသားတွေနဲ့ ခပ်ဆင်ဆင်တွေများနေသည်လေ ။ မတူတာဆိုလို့ တစ်ခု နှစ်ခုမျှသာ။ ဘရန်း ဆိုသည့် အဝတ်အစားတွေဟာ များသော အားဖြင့် မရိုး သလို အရမ်းလဲ မစန်း ရဘူး မဟုတ်လား။
ယခု ဆွဲလာသည့် ဒီဇိုင်းတွေက လမ်းဘေးက အပေါစား ဝတ်စုံတွေ ချုပ်ဖို့လောက်ပင်မသားနားခဲ့ . . . .စားပွဲ ပတ်လည်မှာရှိတဲ့ ဒီဇိုင်နာတွေဟာ ခေါင်းငုံပြီး ငြိမ်သက်နေရုံကလွဲပြီး ဘာမှပြန်မပြောကြပေ။'' ဒီဇိုင်း အသစ်က ဘာလေးဖြစ်မလဲ လို့မျော်နေတဲ့ လူတွေ အတွက် ကိုတွေးပေးပါ.'. . . .. . . မင်းတို့က မသိရင်တောင် ဝယ်သူတွေက ဒီဇိုင်းတူတာ သိတယ်. . . . . အလုပ်ကိုသေချာလုပ်ကြပါ. . . . . . ပြော ဒီလ ဘယ်ဟာကိုထုပ်ရမလဲ. . . .မင်းတို့ပြောကြည့်. . .
''အဲ့တာက. . . .
''ကျွန်တော် တို့ အကောင်းဆုံး ပြန်ဆွဲပေးပါ့မယ်. . . .
''ဟုတ်တယ် ကျွန်မတို့ ပြန်ဆွဲ ပါ့မယ်. . . . .
'' အသစ်ထုပ်ရမယ့်ရက်က ကပ်နေပြီ . . .
အခုမှ စဆွဲမယ်.. . . . . ပိတ်စ ရှာရမယ်. . . . .
pattern ချရမယ်. . . ရက်တွေက လောက်ဦးမှပေါ့. . . . . လူများပြီး ပွဲ မစီဘူး. . .
VOUS LISEZ
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Roman d'amourတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...