အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

1K 36 1
                                    

အပိုင်း (၅)

ဖြန်းခနဲ အသံနဲ့ အတူ ကောင်ချောလေးရဲ့ မျက်နှာဟာလဲ လည်ထွက်သွားသည်။
ဘာကောင်လဲဟ. . . .လူကိုဘာထင်နေလဲ. . .
အစထဲက ထွက်နေတဲ့ ဒေါသဟာ ပုံချစရာ လူတစ်ယောက်ရသွားသလို အနည်းငယ်ပင်ပြေသွားတော့သည်။
ပါးရိုက်ခံလိုက်ရတဲ့ ကောင်ချောလေးဟာ ချင်ချင်းပြန်လှည့်လာပြီး. . . .

''ဟေး. . . မင်း ဘာလို့တကယ်ရိုက်တာလဲ. . . .

''ဘာလဲ ဟန်ဆောင်ရိုက်ပေးရမှာလား. . လာပြန်ရိုက်ပေးမယ်. . . .

ခပ်ငေါ့ငေါ့ပဲ ဖြေလိုက်သည်။

''မင်းမင်းတော်တော်ရက်စက်ပါလား . . . နူတ်ခမ်းလေး ခဏ ငှားတာ  ရိုက်စရာလား, . . . .

''နင့် နှမ ဆီက သွားငှားပါလား. . ,

''မင်း ငါ့ကိုနောက်နေတာလား. . .
ရိုင်းလိုက်တာ. . . .

''ဘယ်သူက အရင်ရိုင်းတာလဲ. . .သေချာစဉ်းစား အပိုတွေ မပြောနဲ့ ကြွ. . . .

မြင့်မိုလ်ထက် သွားတော့ ဆိုသည့် သဘော မေးငေါ့ပြရင်း ပြောလိုက်သည်။

'' တော်သေးတယ် ဟန်ဆောင်ပဲ နမ်းလိုက်လို့ တကယ်များနမ်းရင် ဘယ်လိုတောင်လုပ်မယ်မသိဘူး. . . . ကူညီပါလို့ပြောခဲ့တာတောင်. . . .

'' ဒါက ရဲစခန်း မဟုတ်သလို  ငါကရဲလဲ မဟုတ်ဘူး အကူအညီလိုရင် ရဲစခန်းသွား. . . 
အဲ့ဒီတော့  နောက်ထပ် လက်ဝါးပြန်မရ ချင်ရင် အူကြောင်ကြောင်တွေ လုပ်နေရာကနေ သွားလိုက်တော့ စိတ်ကကြည်တာမဟုတ်ဘူး. . . .

''ဘယ်သူကလဲ . . ငါက မင်းကိုကြောင်နေတယ် ထင်နေတာလား. . . အိမ်မက် မက်နေပြန်ပြီ. . . . မင်းက ငါကြိုက်တဲ့ ပုံစံ မဟုတ်ဘူး. . . .

''အဲ့တာဆိုပိုကောင်းတာပေါ့ ပြောင်းဖူးမွေး တွေလိုလို ငှက်သိုက်လိုလို  ဆံပင်နဲ့  နင့်ကိုလဲ စိတ်မဝင်စားဘူး. . . .
အချိန်ကုန်ခံ အာလာမချောင်နဲ့. . . .
ငါက ဂျပန်က ပြန်လာတာ အကျွမ်းဆုံးက ပါးရိုက်တာပဲ. . ok. . . .

ဆံပင်ကို ပြစ်ပြစ်နှစ်နှစ်ဝေ ဖန်  ခံလိုက်ရသဖြင့် ကောင်ချောလေးမျက်နှာဟာ ရူံ တွသွားသည်။

''သြော်. . လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဂျပန်ခေတ်ကျန် ကြီးပဲ . . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Onde histórias criam vida. Descubra agora