အတ္တနဲ့ ချည်တဲ့ ကြိုး

1K 36 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး

အပိုင်း (၂၈)

လူတစ်ယောက်ကို ချစ်မိသွားတဲ့ အခါ ပိုင်ဆိုင်ရသည်ဖြစ်စေ စွန့်လွတ်ရသည်ဖြစ်စေ ဒီကမ္ဘာပေါ်မှာ သူနဲ့အတူ ရှိနေသေးတာပဲ ဆိုတဲ့ အသိလေးနဲ့တင် ပျော်နေတက်တာပါ။
အလှမ်းဝေး လွန်းတဲ့ ကြယ် တစ်ပွင့် မဟုတ်ပေမယ့်  ခူးစွတ်ခွင့်  မရှိတဲ့ အနီး ဆုံးက ပန်းလေးတစ်ပွင့်ပါ။ သူငယ်ချင်းဆိုတာ ထာဝရ အတွက် သူငယ်ချင်းပေါ့. . . . .အဲ့ဒီနေရာလေးမှာ ပဲ သူပျော်နေမှာပါ. . . . .
Love ဆိုတဲ့ အသုံး အနူန်း နေရာမှာ Friend  ဆိုတဲ့ စကား လေး အစားထိုး လိုက်တာက လွဲလို့ ကွာခြားသွားတာမှ မဟုတ်တာ. . . .  Friend ဆိုတဲ့  လောကထဲကိုပဲ Continue နှိပ်ပြီး ဝင်ရောက် ယုံသာ ရှိတော့တာပေါ့. . .

''ဘာလဲ  အခုမှ နောင်တရနေတာလား. . . . . .

အမှတ်မထင် ထွက်လာသည့်စကားသံကြောင့်  မျက်ဝန်းဒေါင့်မှ ကျလုလု မျက်ရည်စတွေကို မသိမသာ ဖယ်ထုပ်ပစ်လိုက်သည်။

''အဖိုး မအိပ်သေးဘူးလား. . . .
ဘယ်လိုလုပ်ရောက်လာတာလဲ. . . .

Light က လှဲနေရာ မှ ထ ထိုင်လိုက်သည်။

''မင်း ကရော ဘယ်အချိန်ထိပြေးနေဦးမှာလဲ. . . .
ပြေး နေလိုက်ယုံ နဲ့ ပြီးသွားမှာ မဟုတ်ဘူး . . . ထွက်ပြေးနေတာ ထက်ရင်ဆိုင်လိုက်ရမှာ. . .. . . .
အခု ဆိုရင်တောင် နောက်မကျသေးဘူး. . . . .

''အဖိုး ဘာတွေ လာပြောနေတာလဲ. . .

''မင်း ကို ပြောခဲ့သားပဲ . . .
အဲ့ဒီ မိန်း ကလေးကို မင်းဘက်ပါအောင် လုပ်ပါလို့. . . . နံပါတ် ၁ အဆိုတော် ဆိုတဲ့ မင်း ရဲ့  အရည်အချင်းနဲ့တောင် မရ ဘူးလား. . . .

'' ကျွန်တော်က သူ့ကို ဘာအတွက် အဲ့ ဒီ လို လုပ်ရမှာလဲ. . .  

''ဘာလို့လဲ ဆိုတော့ မင်း သူမကို စိတ်ဝင်စားနေလို့လေ. . . . မင်း ကို အခွင့်အရေးပေးတာ. . . .

''ဒါဆို အကို ကရော သူချစ်တဲ့ မိန်းကလေးကို ယူဖို့ အဖိုး ဘာလို့ ခွင့်မပြု  ရတာလဲ. . . .

''သူနဲ့ မင်းနဲ့ မတူဘူး. . . .အဖိုး က ငါ့ကို ကျ ဘာလို့ သဘောတူပြီး ဂုဏ်ရှိန်နဲ့ကျ သဘောမတူတာ ဘာလို့လဲ လို့ တွေးနေပုံပဲ. . . .  အခု အဲ့ ဒီ အဖြေ ပေးနိုင်တယ် ဘာလို့လဲ ဆိုတော့ ဂုဏ်ရှိန်က ထည်ဝါ ရဲ့ ပြပုဒ် တစ်ခုဖြစ်သလို နောင်တစ်ချိန်မှာ ထည်ဝါက သူ့ လက်အောက်မှာ ပိုမိုကြီးမားတဲ့ အောင်မြင်မူတွေ ရှိလာမှာမို့လို့ပဲ. . . . အဲ့ဒီ အချိန်မှာ မင်းကတော့ မှီခို နဲ့ပဲ ရှိနေမှာ. . . ဂုဏ်ရှိန်ယူတဲ့ မိန်းမက  လက်ဝါးကြီး အုပ်သွား ရင် မင်း အခု လို အခြေ အနေ ကနေ ပြေးဆင်းသွားရလိမ့်မယ်. . . အဲ့တာကြောင့် သူ့ဘေးမှာ သူ့လိုပဲ ပြည့်စုံ လွန်းတဲ့ မိန်းကလေးမျိုးပဲရှိသင့်တယ် . . အဲ့ဒါမှ သူ့မှာရှိတဲ့ ဘယ်အရာကို မှ စိတ်မဝင်စားမှာလေ. . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Where stories live. Discover now