အတ္တ နဲ့ ချည်တဲ့ကြိုး

996 36 0
                                    

အတ္တနဲ့ ချည်တဲ့ ကြိုး😏😏

အပိုင်း (၃)

''ရောက်ပြီ မမလေး. . . . အရင်က ထက်နည်းနည်းလေးတော့ ဟောင်းသွားပြီ မဟုတ်လား  အိမ်က. . . .  အကိုလေးရှိတုန်းကတော့.. , . . .

ဦးနိုင် က စကားပြောရင်း မပြောသင့်တာပြောမိပြီ ဆိုသည့်အတွေးဝင်လာလျှက်  ပါးစပ်ပိတ်သွားသည်။

''တောင်းပန်ပါတယ် မမလေး . . . .

''ရပါတယ် ဦးနိုင်ရဲ့ .. . . . .   ဒါက တောင်းပန်သင့်တာမှမဟုတ်တာ. . . .

''ခဏလေးနော်. . .ခြံစောင့်ကောင်လေးတွေ အနောက်ဖက် ရောက်နေတယ်ဖြစ်မယ်. . . တံခါးဖွင့်လိုက်ဦးမယ်. . . .

''ရတယ် အေးဆေး လုပ် ဦးနိုင်. . . . နောက်မှ ဝင်ခဲ့နော် မေမေ တို့ ကား ကို မမြင်စေနဲ့. . . .

ခြံရှေ့မှာ ကားရပ်ပြီး ကားမောင်းသည့် ဦးလေးကြီးက ခြံတံခါးဆင်းဖွင့်တော့ ထက်ထက်အိမ်ထဲ လမ်းလျောက်ဝင်လာခဲ့သည် ။
ဆင်ဝင်အောက်မှာ လည်ပင်းတစ်ရှည်ရှည်နဲ့မျော်နေတယ် မိခင်ကိုပြေးဖက်  လိုက်ပြီး. . .

''မေမေ. . . .

''သမီးလေး. . . ကြည့်ပါဦး. . . ငါ့သမီးလေး အခုတော့ပြန်လာပြီ. . . .

''ဖေဖေ. . . .

''အေး. . . စောသားပဲ ငါ့သမီးရဲ့. . . . လာလာ အထဲဝင်ရအောင်.. . .. . .  ကောင်မလေးတွေ အိတ်တွေ သယ်လိမ့်မယ် . .. . .  . .

''  သမီးလေး ဗိုက်ဆာနေမှာပေါ့. . . . လာလာ အအေးလေး အရင်သောက်. . . .

အအေးခွက်လာပေးတဲ့ကောင်မလေးဆီက ထက်ထက်က လှမ်းယူလိုက်ပြီး ကျေးဇူးပဲဟု တီးတိုးပြောလိုက် ။ပြီးတော့  အိမ်ထဲကို လှည့်ပတ်ကြည့်ရင်း. . . . .

''ဖေဖေ. . မေမေ  ဘာလို့ ကလေးအသံ မကြားရတာလဲ. . . . မီးမီးလေး က အိပ်နေလား. . . . .  

မြင့်မိုလ်ထက် မေးလိုက်တော့ မိခင်ရော ဖခင်ပါ မျက်နှာပျက်သွားကြပြီး မိခင်ဖြစ်သူက   ထက်ထက်ရဲ့ လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်လာသည်။

''အဲ့ဒီ အကြောင်း ကို နောက်မှပြောရ အောင်လား
မေမေ တို့ ထမင်းစားဖို့ သမီးလေးကိုစောင့်နေတာ . . . . .

အတၲနဲ့ ခ်ည္တဲ့  ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏 Where stories live. Discover now