အတ္တနဲ့ ချည်တဲ့ ကြိုး
အပိုင်း (၃၈)
အခန်း ကို လှည့်ပတ်ကြည့်လိုက်တော့ လဲ ခြေရာ လက်ရာ ပျက်နေတာ မရှိ ။ဒါပေမယ့် ထက်ထက်ရဲ့ ဖြူဖွေး နဲ့ အသားမှာတော့ ရိုက်သွား သလို အနီရောင် အမြောင်း လိုက်ကြီးကိုတွေ ့နေရသည်။
ဂုဏ်ရှိန် ထက်ထက် ကို ပွေ ့ချီလိုက်ရင်း လှေကား ထစ်တွေကနေ ကျော်ခွ ဆင်းလာခဲ ့သည်။''မေမေ. . . မေမေ. . . .
အလောတကြီး ဂုဏ်ရှိန်ရဲ ့ခေါ် သံ. . .
''ဟဲ့ သား ရဲ့ မေမေ ဒီမှာ ဘာလို ့အလောတကြီး. . . ဟယ်. . သမီးလေး. . သမီးလေး. . ဘာဖြစ်တာလဲ. . . .
''သူ. . သတိလစ်နေတယ်. . . .
''သားရယ် ရန်ဖြစ်ကြပြန်ပြီလား. . .ဘာလို့ ဒီလောက်ထိ နုနယ်တဲ့ ကလေးကိုလုပ်ရတာလဲ. . . .
''မဟုတ်ဘူး မေမေ ကျွန်တော် သူ ့ကိုဘာမှ မလုပ်ဘူး. . . သူ ့ပါသူ ကျွန်တော် အခန်း ထဲမှာ လဲနေတာ. . . .
''ဘယ်လို. . .
''အိမ်ကို တစ်ယောက် ယောက် ဝင်သွားတယ်. . . . သွား ခြံထဲ က လူတွေ ကိုသွားပြောလိုက် သူခိုးဝင်နေတယ်လို ့. . . .
မေမေနောက်မှ ကောင်မလေး ကို ပြောလိုက်တော့ ကောင်မလေး က ပြေးထွက်သွားသည်။ ဂုဏ်ရှိန် က မြင့်မိုလ်ထက်ကို ဆိုဖာပေါ်မှာ ချသိပ်လိုက်သည်။
မေမေ ကတော့ မိသားစု ဆရာဝန်ကို ဖုန်းဆက်နေတာ တွေ ့ လိုက်ရသည်။''မေမေ သား မစောင့်နိုင်ဘူး. . .ဆေးရုံ သွားမယ်. . .
''သားရယ် စောင့် လိုက်ပါ. . . ဆရာဝန်က ပြောတယ် အရိုက်ခံရတာလောက်နဲ ့ ဘာမှမဖြစ်ပါဘူးတဲ ့ သူ အခု လာနေပါပြီ. . . .
'' ခေါ် လို့ လဲ မရဘူး. . . ဘာဖြစ်နေတာလဲ မသိဘူး. .မေမေ ဆေးရုံပဲ သွား ပို ့ရအောင်ပါ. . .
''သွားတာနဲ့ လာတာနဲ့ မထူးပါဘူး ဆရာဝန် လာတာပဲ စောင့် လိုက်ပါ. . .
အပေါ် ကိုပြန်သယ် လာခဲ ့မေမေတို့ တက်သလောက်သတိရလာအောင် လုပ်ကြည့်ရအောင်. . . .မေမေ က မစိုးရိမ်နဲ့ ပြောပေမယ့် သတိလစ်နေတယ် မြင့်မိုလ်ထက်က်ို ကြည့်ရင်း စိတ်မချနိုင်ဖြစ်နေခဲ့သည်။
သူ ့အခန်းထဲ သယ်သွားပြီးကုတင်ပေါ် မှ သက်သက်သာသာနေလို့ ရအောင်ချပေးလိုက်ပြီး မေမေ က သူတက်သလောက်မှတ်သလောက် သတ်ိရလာအောင် အမျိုး မျိုး လုပ်ပေမယ့် ဆရာဝန်ရောက်လာသည်အထိ သတိရလာခြင်း မရှိခဲ့ ပေ။
BẠN ĐANG ĐỌC
အတၲနဲ့ ခ်ည္တဲ့ ႀကိဳး😏 အတ္တနဲ့ ချည်တဲ့ကြိုး 😏
Lãng mạnတဖတ်သတ် အချစ်ဆိုတာ အရမ်းပင်ပန်းတယ် ရပ်တန့်ချင်ရင်တောင် stop မပါတဲ့ စက်လိုပဲ ရပ်မရတော့ဘူး. . . BL အနည်းငယ်ရောထားပါတယ် တစ်ဖက်သတ်အချစ်ဆိုတာအရမ်းပင်ပန်းတယ် ရပ်ချင်ရင်တောင် stop မပါတဲ့ စက်ရုပ်လိုပဲရပ်လို့မရတော့ဘူး Bl အတွဲတစ်တွဲ ပါဝင်ပါတယ်ရှင့် ယူနီကုဒ်န...