🖤2♥

4.7K 237 19
                                    

ကိုယ့်ရှူးကိုယ်ပတ် တာပဲလို့ပြောရင် အဲ့ပတ်တဲ့ ရှူးက စိတ်ညစ်ဖို့ကောင်းမှာမဟုတ်ဘူး ။ဂျယ်လီစားမယ်ဆိုတဲ့ ပြီတီတီ စကားကြီးကြောင့်ကျောတစ်ခုလုံးတောင့်တင်းပြီးအေးခဲနေပြီ

ဒါတောင် ကပ္ပလီအဖိုးကြီးက ပုခုံးကို ဖက်ပြီး လက်ချောင်းတွေက အငြိမ်မနေစွာ Center တစ်လျှောက်လုံး အသားယူလာတဲ့ လူကို သည်းခံနေရတယ်။ကိုယ်လည်း ကိုယ့်အပြစ်နဲ့ ကိုယ်မို့ငြိမ်ငြိမ်လေးသာ လိုက်လာရသည်။

ကားထဲကို ဝင်ပြီးတာနဲ့ မုန့်ထုပ်တွေအ နောက်ကိုပို့ကာ ကျွန်တော် ကို လူယုတ်မာ အပြုံးကြီးနဲ့ကြည့်နေတာ ကြက်သီးတွေ တဖြန်းဖြန်း

"ဂျယ်လီလေးက အဟမ်း အစပ်တွေစားလာတော့ဆိုတော့.......... "

ခါးကြီးကိုင်းကာ ကျွန်တော့်အရှေ့ကိုပိုတိုးလာတဲ့ လူကြီးကြောင့် အမှီကို ခေါင်းနစ်ဝင်တဲ့ အထိ တိုးလိုက်မိတယ်။မျက်လုံးတွေ စုံမှိတ်ပစ်လိုက်ပြီး နှုတ်ခမ်းနှစ်လွှာကိုတင်းနေအောင် စေ့ထားရင်း

"belt ပတ်ပေးမို့လေ ဟား....ဟား..ဘာလဲ တကယ် စား ရမှာလား ဟင်........."

မျက်နှာနားကို အရမ်းကပ်လာတဲ့ အဖိုးကြီးကြောင့် လက်ဖဝါးနဲ့ ဖက်ကနဲ မြည်အောင်ချလိုက်သည်။ နေရာတကျပြန်ထိုင်ရင်းရယ်နေတဲ့ လူကြီးကိုလည်းမေတ္တာကြိတ်ပို့နေရပါသည်။ချက်ချင်း ကိုယ်ဟန်ဖို့ကာ

"Saint ကရော ဘာပြောနေလို့လဲ မြန်မြန်မောင် အိမ်ပြန်ပြီး Aim နဲ့ game ဆော့တော့မယ်"

"အိမ်ပြန်မှာပါ ဒါပေမဲ့ ဦးရဲ့အိမ်ကို ကလေးလိုက်ခဲ့ရမှာ"

"ဘာ...ဘာ...ကလေး လဲ ကပ္ပလီအဖိုး
ကြီးနော် ပြီတီတီ လာလုပ်မနေနဲ့ Saint အိမ်ကိုပဲ ပြန်မှာ ဦး အိမ်ကိုဘာလိုက်လုပ်ရမှာလဲ "

ကားမောင်းနေရင်းနဲ့ ဘေးက သာလိကာလေးရဲ့ ဆူထော်ထော်နှုတ်ခမ်းလေးကြောင့်
ကြိတ်ရယ်နေရတယ်။ဘာလို့များအသည်းစရာကောင်းနေရတာလဲ ဒီကောင်လေးရဲ့အပြုအမူတိုင်းက ဖြူစင်လွန်းတဲ့ ကလေးလေးလိုပါပဲ

*ချစ်ဖို့ကောင်းလိုက်တာ*

"နဂါးရုပ် လိုချင်တယ်ဆို အိမ်မှာ အဲ့ထက်လှတဲ့ အရုပ်တွေရှိတယ် "

ခြၽဲစိန္ ရစ္လံုး{ Z&U}(Complete)Место, где живут истории. Откройте их для себя