🖤34♥

1.9K 128 11
                                    

Lamn အိမ်ကို သွားပြီးမီးချောင်းလဲပေးပြီး ခဏစကားထိုင်ပြောနေရလိုက်သည်။Lamn ကိုချစ်ကြည့်ရမယ် ခဏလောက် ချစ်ကြည့်ရမယ်တဲ့လား ကျွန်တော့်စိတ်တွေကို ဘာလို့ အခြောက်ဆိုတဲ့ စကားတွေနဲ့ နင်းချေနေရတာလဲ ကျွန်တော်မသိဘူး ဘာကြောင့်များပါလိမ့်

"Saint အချိုရည်သောက်ဦးမလား Lamn ဆီမှာ Lemon juice ရှိတယ် "

"ကိုယ်က Lemon မကြိုက်ဘူး Lamn ရဲ့ Lamn အတွက် မီးအိမ်လေးဝယ်လာခဲ့တယ် မီးချောင်းတွေဘာတွေထပ်ကျွမ်းရင် သုံးလို့ရအောင်"

ကမ်းပေးလိုက်သော မီးအိမိလေးကို လှမ်းယူရင်း Lamn အပြုံးတို့ဖြင့် Saint ကို စကားတွေထပ်ပြောပြန်သည်။

"Saint က အရမ်းဂရုစိုက်တတ်တာပဲနော် "

"ဂရုစိုက်ခံရရင်ပျော်လားLamn"

Saint တစ်ယောက်မေးလိုက်တဲ့မေးခွန်းကို သူမကအားတတ်သယော ပြန်ဖြေ လာတော့သည်။

"ဂရုစိုက်မှုခံယူရတာ မိန်းကလေးလေ ဂရုစိုက်ခံရရင် အရမ်းပျော်ရတာပေါ့"

Lamn စကားကြောင့် Saint နားထဲမှ ပဲ့တင်သံတွေထွက်လာရသည်။Saint ခေါင်းထဲအတွေးတွေ ရှုပ်ထွေးနေတာကလွဲပြီး ဘာမှ ရှိမနေတော့သလိုပဲ ဂရုစိုက်ခံရတာမိန်းကလေးပဲလား မိန်းကလေးဖြစ်မှ ဂရုစိုက်ခံရမှာလား မတရားဘူးလို့ ကျွန်တော်ထင်တယ်

*မင်းကယောက်ျားလေးလေ တစ်ခြားယောက်ျားတစ်ယောက်က ဂရုစိုက်ပေးတာကို သာယာနေတာလား *

နားတွေကို လက်နှစ်ဖက်နှင့်ပိတ်ပြီး ခေါင်းတွေအတင်းလာပြစ်နေတာ Lamn မြင်တော့ Saintရဲ့လက်တွေကိုကိုင်ကာ ပွေ့ဖက်ပေးလိုက်သည်။

"Saint စိတ်အေးအေးထားနော် ဘာဖြစ်လို့လဲဟင်"

မျက်ရည်တွေနဲ့ သူကိုကြည့်လိုက်ပြီး ကျွန်တော် စကားတစ်ခွန်းကိုအားယူပြီးပြောလိုက်သည်။

"Lamn ကိုယ်တို့ တွဲကြမလား"

သူမကကျွန်တော့်ကိုကြည့်ပြီး ခေါင်းငြိမ့်ပြခဲ့တယ်။ သူမကိုခဏကြာ ထွေးပွေးပြီး အိမ်ပြန်ဖို့နှုတ်ဆက်ခဲ့တယ်။တစ်လမ်းလုံးအတွေးတွေထဲမှာ ယောက်ယက်ခက်နေသည်က ကျွန်တော့်လုပ်ရက်တွေ မှန်ရဲ့လား လို့
ကျွန်တော်က ဘယ်အရာကိုကြောက်နေတာ ကျွန်တော့်စိတ်တွေက ဘယ်အရာကြောင့် လေးလံနေရတာလဲ ကျွန်တော်လိုချင်တဲ့ ဘဝ ဖြတ်သန်းချင်တဲ့ အကြောင်းအရာတွေကရောဘာတွေလဲ ကျွန်တော်ဘာမှ မစဉ်းစားတတ်တော့ဘူး အခုချိန် ကျွန်တော် ရူးသွားရင်တောင် လုံလောက်မှာမဟုတ်ဘူး

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now