🖤41♥

2.4K 161 14
                                    

ကျွန်တော်မှားခဲ့တာပါ ဘေးလူတွေစကားကြောင့် ပေမဲ့ ကျွန်တော့်အပစ်ပဲမို့
ရပါတယ် ဦး ဦးဆီကခွင့်လွတ်မှုရဖို့အတွက် ကျွန်တော်ကြိုးစားပါ့မယ်

ဟုတ်တာပေါ့ ဦးအချိန်ယူရမှာပေါ့နော် ကျွန်တော်နောင်တရနေပြီမို့ ဦးမြန်မြန် တော့စိတ်ဆိုးပြေပေးပါ

............................................................

"ရပါတယ် Phi Kao ကျွန်တော်ဗိုက်မဆာသေးလို့ပါ"

ဆေးရုံမှာ နှစ်ရက်လောက်နေမှ နလန်ပြန်ထူလာတဲ့ကောင်လေးကို ဆန်ပြုတ်အတင်းတိုက်နေရပြန်ပြီ မသောက်ဘူးဆိုပြီး အတင်းငြင်းနေတာကြောင့် ကလေးအဟာရဖြစ်စေရန်ဆိုပြီး တစ်မျိုးပြောင်းကာ တိုက်တွန်း ရပြန်သည်။

"ဗိုက်ထဲမှာ ကလေးလေးရှိတယ်လေ Saint ရဲ့"

ဗိုက်လေးကိုပွတ်သပ်ပြီး ကျွန်တော့်ကိုပြန်ကြည့်ပြန်တယ် ဟုတ်တယ် ကျွန်တော့် သားလေးရှိနေတာ ဒါပေမဲ့လည်း စားချင်စိတ်မရှိတာကြောင့် ပါ

"တကယ်ပါ ကျွန်တော် ဗိုက်မဆာသေးတာပါ ထားခဲ့လေ Phi လည်း အလုပ်တွေနဲ့ ကျွန်တော် ဆာရင် စားလိုက်ပါ့မယ်နော်"

"အင်းအင်း ညနေကျရင် Perth လာခေါ်လိမ့်မယ် စိတ်ထဲမှာ ဘာမှလျှောက်တွေးမနေနဲ့တော်နော် အကုန်အဆင်ပြေသွားမှာ"

လှဲအိပ်နေတဲ့ Saint ခေါင်းကို ဖွဖွလေး ပုတ်ပေးခဲ့ပြီး တခြားလူနာတွေကြည့်ဖို့ ထွက်လာခဲ့လိုက်သည်။

ညနေရောက်တော့ ဦးရောက်မလာခဲ့ပါ P'Title နှင့် Lily သာရောက်လာခဲ့ကြသည်။ ဦးပါမလားဆိုပြီး တံခါးဝကို လှမ်းကြည့်နေခဲ့ပေမဲ့ ဦးရောက်မလာခဲ့ဘူး

ပစ္စည်းတွေသိမ်းပြီး ဦးရှိအိမ်သို့ပြန်ရောက်လာပေမဲ့ ဦးက ဧည့်ခန်းထဲမှာ TV ကြည့်နေခဲ့တာ ကျွန်တော်ပြန်ရောက်လာတောင် တစ်ချက်ကလေးမကြည့်ခဲ့ဘူး

တကယ်ကြီးကို မုန်းသွားပြီလား ဦးရာ တကယ်ဆိုရင် ကျွန်တော်တကယ်မခံစားနိုင်လောက်ဘူး

"Saint အပေါ်တတ်ပြီး နားတော့ ညစာစားခါနီး ငါလာခေါ်မယ်"

အိတ်တွေသေချာသယ်ပေးပြီး အိပ်ခန်းထဲကို ဝင်လာပြီး ခဏလဲ ပြီး နားခိုင်းလိုက်သည်။ သိမ်းစရာရှိတာတွေ သိမ်းပြီး အိမ်ပြန်ပြီသူလဲရေမိုးချိုးဖို့ပြန်သွားလေရဲ့

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Место, где живут истории. Откройте их для себя