🖤49♥

2.1K 143 19
                                    


Bunny နဲ့ Angel ကို ကျွန်တော့အစားပိုပြီးချစ်ပေးမယ်မလား.....ဦး

ဆုတစ်ခုသာတောင်းခွင့်ရှိမယ်ဆိုရင်လေ
Bunny နဲ့ Angel ရဲ့မျက်နှာလေးတွေကို မြင်ဖူးသွားချင်တယ်

အများဆုံး တစ်စက္ကန့်လောက်ပါပဲ......

............................................................

Charm နဲ့အတူ အိမ်ကိုပြန်ရောက်တာနဲ့
အိပ်ယာထဲကို တိုးပြီးဝင်အိပ်လိုက်တော့၏။

ဆေးတွေမညီးမညူသောက်ပြီးတိုင်း
အရမ်းခါးလွန်းလို့ သောက်ရမှာပဲ ဦးရဲ့ရင်သွေးလေးတွေအတွက်

ညအိပ်ခါနီးဆေးမို့လားမသိ သောက်ပြီးသည်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လွန်းလို့ လာနိုးရင်တောင်မနိုးတော့ဘူး

အသက်ရှူသံလေးတွေကပုံမှန်ဖြစ်လာတဲ့အချိန်မှ တံခါးလေးအသာဖွင့်ဝင်လာပြီး အိပ်နေတဲ့ ခွေးဖြူလေးအနားကိုတိုးကပ်လာခဲ့ရင်း

ဗိုက်ပူပူလေးကို တစ်ချက်လောက်နမ်းရင်း

"တောင်းပန်ပါတယ်နော် ဒီနေ့ ဆေးရုံကိုအတူမလိုက်နိုင်ခဲ့လို့ တကယ်ပါ"

ဘောင်းဘီပွပွလေးအောက်က ဖွေးဖွေးဖြူနေတဲ့ ခြေဖမိုးသေးသေးလေးတွေက အခုတော့ နီရဲပြီးဖောင်းကားနေလိုက်တာ

ခြေဖမိုးကို ဖွဖွလေး နမ်းပေးပြီး ထပ်တောင်းပန်မိတယ်

Charm ဆီကဆေးတောင်း လိုက်ပြီး ဆေးစိမ့်ဝင်အောင်နှိပ်နယ်ပေးတော့ ခွေးဖြူလေးက နာလို့ ညီးနေပေမဲ့ နိုးတော့မနိုးလာခဲ့

"ဦး ကလေးအနားမှာအမြဲရှိနေပေးမယ်နော်"

ပြွတ်စ်.....

နဖူးပြင်လေးကို နမ်းရှိုက်ရင်း ဘေးနားကနေရာလွတ်လေးမှာဝင်အိပ်လိုက်သည်။ဗိုက်ပူပူလေးကို ဖတ်ထားရင်း ဆံပင် အုပ်ကလေးကို နစ်ဝင်မတတ်နမ်းရတာအမော

.............................................................

"ဘယ်လို Ivy ရောက်နေတယ်"

"ဟုတ်တယ် Title နှစ်လ ငါ့အိမ်မှာလိုက်နေချင်တယ် ဆိုပြီးတောင်းဆိုတယ် ပြီးတော့..........ငါ့ကလေးရဲ့အဝေးမှာနေခိုင်းတယ်..... သူဘာတွေလုပ်နေလဲငါမသိဘူး ဒါပေမဲ့ ငါသာ ကလေး နဲ့ အတူရှိနေရင် ကလေးကို ဒုက္ခပေးမယ်ဆိုပြီးခြိမ်းခြောက်တယ်.......ပြီးတော့.....ပြီးတော့...."

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Место, где живут истории. Откройте их для себя