🖤44♥

2.6K 164 17
                                    

မမုန်းရက်ပါဘူးကလေးရယ်......

ဦးက ကလေးနဲ့ဆိုရင် အရာရာပျော့ညံ့လွန်းတဲ့လူတစ်ယောက်မို့

Lamn ဆုပ်ကိုင်ဖူးတဲ့ကလေးရဲ့ လက်ကို ဖျစ်ညစ်ခဲ့မိတာလေးပဲ

သူ့ကြောင်းတွေးရင်ဒေါသထွက်တတ်လွန်းလို့ ကလေးကိုနာကျင်စေမိသွားတာ

ပေါက်ခွဲပစ်ပြီးမြည်းတောင်မမြည်းကြည့်ခဲ့ဘူး ကလေးလက်က ပတ်တီးတွေအပြည့်

ဒဏ်ရာရတဲ့အထိ ဖြစ်သွားတဲ့ ဒီပုဇွန်ကို ဦးက မြိန်ရေယှက်ရေစားပေးရမှာလား

ဆီပူလောင်တဲ့အထိ ဖြစ်သွားစေတဲ့ဒီပုဇွန်တွေကို ဒေါသထွက်လွန်းလို့ ကိုင်ပေါက်လိုက်ရုံပဲ

အမြဲဦးပေါင်ပေါ် တတ်ထိုင်ပြီး ဒါမှမဟုတ် ဘေးမှာကပ်ထိုင်ပြီး ထမင်းစားနေကျကလေးက ဦးနဲ့အဝေးကြီးမှာထိုင်နေတာ
ဦးထမင်းစားဝင်မယ်ထင်နေလား

စားပါစေတော့ဆိုပြီးထ ထွက်သွားတဲ့ကလေးက ဘယ်သူမှမရှိတဲ့အိမ်ကို တစ်ယောက်တည်းသွားပြီးငိုနေခဲ့တာ ဦးမသိဘူးထင်နေလား

သတိလစ်အောင်ထိငိုတဲ့ကလေးက အရမ်းအငိုသန်တဲ့ ခွေးဖြူလေးဖြစ်နေတုန်းပဲ

ဦးပွေ့ပြီးခေါ်လာပေးတော့ ကလေးယောင်သေးတယ် ချစ်တယ် ပဲ ဒါပေမဲ့ lamn ဆိုတဲ့အသံကြားမှာစိုးလို့ ဦး နားမထောင်ချင်မိ ဒါပေမဲ့ ဦး ဆိုတဲ့ကလေးနှုတ်ခမ်းလေးတွေက ပြောခဲ့တာ ဦးဘယ်လောက်ပျော်မဆုံးဖြစ်ခဲ့ရလဲသိလား

ကလေး နဲ့အတူမအိပ်ချင်တာမဟုတ်ဘူး
ကလေးအိပ်မရမှာဆိုးလို့ တခြားအခန်းမှာ တစ်ညလုံး အလုပ်ထိုင်လုပ်နေခဲ့တာ

ကလေးများအိပ်နေပြီလား ထွက်ကြည့်တော့ ကြမ်းပြင်ကသွေးတွေနဲု့ ခြေသည်းခွံကိုတွေတော့ ဦး အရူးတစ်ယောက်လို ငိုမိသေးတယ်

ကလေးပြန်ရောက်လာလာချင်း ခွင့်လွှတ်ပေးမှာ ကလေးဦးမျက်စိရှေ့ပေါ်လာတာနဲ့ကို ခွင့်လွှတ်ပေးချင်ခဲ့တာ

ကျွန်တော်ဆိုတဲ့ နာမ်စားကို ဦးမုန်းတယ်

ကျေးဇူးပြုပြီး နိုးထလာပေးမယ်မလား

..........................................................

"Aim Saint အဆင်ပြေရဲ့လား"

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Où les histoires vivent. Découvrez maintenant