🖤25♥

2.5K 142 9
                                    

လေနုအေးတွေရော ယှက်ပြီး ကျေးငှက်တို့အော်မြည်နေတဲ့ နံနက်ခင်းအလှ
ကလေးလေးလောက်မလှဘူးနီရဲပြီး လည်ပင်း ညှက်ရိုးလေးတွေတစ်လျှောက် အနီကွက်ရာတွေနဲ့ လှရက်လွန်းလို့
ရင်ဘက်ထဲက ကလေးလေးကို တစ်မြေ့မြေ့ကြည့်ရင်း ငေးမောနေမိတာ အမှန်ပဲ

ဖူးယောင်စပြုနေသည့် နှုတ်ခမ်းဖောင်းဖောင်းလေးပေါ်က ကိုက်ရာတစ်ချို့ ငိုထားရလို့ မျက်ခွံလေးတွေအစ်ဖောက်နေသည်ကလည်း ကလေးနဲ့ကျမှ လှနေသလို မျက်တောင်ကော့ကော့လေးတွေ ယှက်ဖြာနေပြီး မျက်စံလေး လှုပ်ခတ်လာကာ ကလေးသည် ညည်းသံလေးတစ်ချို့နဲ့ နိုးထလာပါတော့သည်။

"အင်း....."

ကလေး ရဲ့အိပ်နေရင်းထွက်လာတဲ့အသံကတကယ့်ကြောင်ပေါက်လေးအသံ
အသဲယားလွန်းလို့ ပါးမို့မို့လေးကို တရှုံ့ရှုံ့နမ်းမိသည်အထိ ရင်ဘက်ထဲတိုးဝှေ့ပြီး အိပ်ဖို့ပြင်နေတဲ့အိပ်ပုတ်လေး ရယ်ပါ အနမ်းကိုမရပ်သေးတာမို့ လက်သေးသေးလေးတွေနဲ့ ရင်ဘက်ကို ထုရိုက်လာခဲ့သည်။

"ခွေးဖြူလေးရေ ထတော့...... မနက်လင်းနေပြီ"

"ဦး လွှတ်ဦး"

ကျောပြင်ကိုပွတ်သပ်ပြီးပါးတွေကို အတင်းလိုက်နမ်းနေတဲ့ ဦးကြောင့် အိပ်လို့မရတော့တာကြောင့် ရေချိုးမျက် နှာသစ်ပြီး ပြင်ဆင်လိုက်သည်။

ကျွန်တော်ရေမိုးချိုးပြင်ဆင်နေတုန်း ဦးမနက်စာတွေမှာထားပုံပဲ ကျွန်တော်ထွက်လာတော့ အဆင်သင့်

"ဦးရေဝင်ချိုးလိုက်ဦးမယ်နော်"

ခေါင်းငြိမ့်ပြရင်း ဦးကို ထိုင် စောင့်နေရသည်။အဝတ်အစားတွေလဲ ပြီး မနက်စာစားဖို့ပြင်ဆင်ကြရသည်။တို့စိတ်တို့ကနန်းလုပ်နေသည့်ကလေးကြောင့် ဦးက ကိုယ်တိုင်ခွံကျွေးရပြန်

"ဦးခွံကျွေးရမလား လာ "

စိတ်ရှည်လက်ရှည်ခွံကျွေးနေတဲ့ဦး ကိုပြုံးပြုံးကြီးကြည့်ငေးလို့

"အာ......"

ထမင်းတစ်လုတ်ခွံတိုင်း အာ....ဆိုပြီးကလေးထမင်းကျွေးသလိုခွံကျွေးနေတဲ့ဦးကချစ်စရာကြီး

"တော်ပြီ ဦး ကလေး ဗိုက်တင်းနေပြီ"

မျက်မှောင်ကြီးကုတ်ပြီး ဗိုက်ကို လက်ညိုးနဲ့လာစမ်းပြန် တဲ့ဦး ဦးကိုသွားတွေပေါ်အောင်ရယ်ပြလိုက်တော့ ဦးက ပြုံးယောင်သန်းလာပြီး နဖူးလေးကိုပါ ထပ်ပြီး ထိတို့ပြန်သည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now