🖤6♥

3.5K 193 3
                                    

ကလေး အသံကြားတာနဲ့ ကလေးဆီက ဖုန်းကိုဆွဲလုလိုက်ရတယ်။ညစ်ညမ်း video ကြောင့် ကျွန်တော်ပါမျက်လုံးပြူးသွားရသည်။

"ကလေး......ဘာ တွေကြည့်နေတာတုန်း"

ဦး ကျွန်တော့်လက်ထဲက ဖုန်းကို လုလိုက်ပြီး သူ အကုန်ဖြတ်နေပုံပဲ ။ကျွန်တော်လည်း အခြေအနေမဟန်တာကြောင့် ဦးကိုပြောကာ ရေချိုးခန်းထဲပြေးရန်ပြင်ရတော့ သည်။

"Saint ရေချိုးခန်းထဲသွားလိုက်ဦးမယ်နော်"

Saintလည်း ကိစ္စတွေ ဖြေရှင်းပြီးတာနဲ့
အပြင်ကို ပြန်ထွက်လာခဲ့သည်။ဦးကိုလည်း မျက်နှာချင်ူမဆိုင်ရဲ သူ့ကိုဆူမှာ အတော်ကြောက်နေမိသည်။

"ကလေး အဆင်ပြေရဲ့လား ကလေး ကဒါတွေ လုပ်တတ်နေပြီလား"

"Saint လည်း ဘယ်လိုဖြစ်သွားမှန်းမသိဘူး ဒီလိုကြီးကိုပထမဆုံးခံစားရတာပဲ ပြီးတော့ ဒီလို Gay Porn ကြီးကတော့ မမိုက်ဘူး ကြက်သီးတောင်ထသွားတယ်"

Saintပြောလိုက်တာကြောင့်Perth အမှန်ပင် အံ့သြ သွားရသည်။ဒီကလေးကိုကလေးလို့ပဲ သူမှတ်ချက်ပေးထားခဲ့သည်။

"Saint အဲ့ သဘာဝမဆန်တဲ့ ဖြစ်တည်မှုတွေကို လက်ခံနိုင်ပေမဲ့Saint ကိုယ်တိုင်ကတော့ လက်မခံဘူးထင်တယ် ပြီးတော့ နည်းနည်း ကြောက်ဖို့ကောင်းနေတယ် ဘာလို့လဲဆိုတော့ Saintက မိန်းကလေး တစ်ယောက်ကိုဘဲ ယူမယ် ပြီးရင် သမီးလေးတွေ သားလေးတွေမွေးမယ်Saintက အလုပ်တွေကြိုးစားမယ်Paw လိုမျိုးပေါ့ ဦးရော ကောင်မလေးရှိပြီလား " ရှက်ရှက်နဲ့ ပါးစပ်ထဲရှိရာရှောက်ပြောလိုက်ပြီး ဦးကို မေးလိုက်သည်။

"ဦးကတော့ အချစ်ကိုဦးစားပေးချင်တယ်ဦးတကယ်ချစ်မဲ့ ဦးဘဝ လက်တွဲဖော်က ယောက်ျားလေးဖြစ်ပါစေ မိန်းကလေး ဖြစ်ပါစေ ဦး ချစ်ရင် ရပြီ"

သူပြောတဲ့ စကားလေးတွေ နားထောင်ရင်း ကျွန်တော် ရင်ထဲမှာ နေလို့မကောင်းတော့၊ မျက်ရည်စတွေက တွဲလွဲ ခိုနေပေမဲ့ ကလေးရှေ့မှာတော့ ငိုချလို့မရပေ။အတတ်နိုင်ဆုံး မငိုမိအောင်ကြိုးစားရင်း။ကလေးက တကယ်ပဲ မိန်းကလေးတစ်ယောက်နဲ့လက်ထပ်မယ်ပေါ့

"ဦးက အခုချိန်ထိ FA ပဲပေါ့ ဟား....ဟား.. အင်းပါ..ဦးအချစ်နဲ့ တွေ့ပါစေ Saint အိပ်တော့မယ်နော်"

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Tempat cerita menjadi hidup. Temukan sekarang