🖤28♥

2.2K 123 2
                                    

Honeymoon ခရီးစဉ်ကို Pattaya မှာပဲ
စီစဉ်လိုက်ပြီး ကလေးနဲ့အေးအေးချမ်းချမ်း နှစ်ယောက်တည်း driver တောင် မခေါ်ခဲ့ကြ
လမ်းတစ်လျှောက်လုံးစကားတွေပြော သီချင်းအကျယ်ကြီးတွေအော်ဆိုနေတဲ့ ကလေးငယ်က အူမြူးနေလေရဲ့

Booking ယူထားတဲ့ အိပ်ခန်းထဲကိုရောက်သည်နှင့် နှစ်ယောက်သားအဝတ်အစားတောင်မလဲဘဲ တန်းထိုးပြီး အိပ်ပျော်သွားကြသည်။

ညနေခင်း အင်္ကျီတွေလဲကာ ရေထဲသို့ ပြေးဆင်းရင်း ပျော်ပျော်ပါးပါး ဆော့နေလို့

"ဦး လှိုင်းကြီး အကြီးကြီးပဲ "

လှိုင်းလုံးကြီးတွေ ရောက်လာတိုင်း နှစ်ယောက်သား ရေလှိုင်းတွေကြား ပိုးလိုးပက်လက်ပင် ရှပ်အင်္ကျီက လိပ်တတ်သွားပြီး ရင်ဘက်ထိပေါ်ပေါ်သွားတော့ ဦးက ဆွဲဆွဲချပေးကာ နည်းနည်း ဆူပုတ်ချင်သလို ဖြစ်နေတော့သည်။

"ဦး ဘာဖြစ်လို့လဲ"

"သူများတွေ မြင်ကုန်ပြီလေ "

"ကလေး လုပ်တာမှမဟုတ်တာကြီးကို အဲ့လို ဆူပုတ်မနေနဲ့ "

ဦး ကိုချော့မော့ကာပြောပြီး လူတွေနဲ့ နည်းနည်းဝေးသည့် နေရာသို့ဆွဲခေါ်လာခဲ့လိုက်သည်။ဦးလည်းသဝန်တိုစရာမလိုတော့အောင်

"ရပြီလား"

"လိမ္မာလိုက်တာ "

"ကလေးကဆိုးတယ် ဆိုရင်ရော ဆက်ချစ်ပေးမှာလား "

"ကလေး ဆိုးဆိုး လိမ်မာမာ ချစ်မှာပဲ ကလေးဖြစ်နေလို့ချစ်မှာ ကလေးက ဦးကို ထားသွားရင်တောင် ဦးကကလေးကို မရရအောင်တွယ်ကပ်ပြီးချစ်မှာ ဗျာ "

"ကလေးက ရူးနေလို့ ဦးကိုမချစ်ရမှာလား "

နှစ်ယောက်သားကျောက်ဆောင်ကိုမှီကာ ချစ်ကြည်နူးလျှက် ဦးရဲ့ ပါးတွေကိုကျူးကျော်ကာညစ်ပြီး မျက်လုံးလေးမှိတ်သွားအောင်ပြုံးပြလိုက်သည်။ချစ်ရတာဆိုတာ ဒီလိုမျိုးလားမသိ

နေဝင်ဆည်းဆာကိုလည်းကြည့်ခဲ့ရသည်။တော်တော်ကြာကြာဆော့ပြီး လေအေးတွေတိုက်လာပြီမို့ ကလေးကို အခန်းထဲပြန်ခေါ်လာရင်းနှင့် ပြင်ဆင်ထားတဲ့ dinner အတွက် လှမ်းပြီးမေးထားရသည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Donde viven las historias. Descúbrelo ahora