🖤9♥

3K 158 8
                                    

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ချင်းမိုင်က အပန်းဖြေအိမ်ယာ project အတွက် Construction company တွေ အားလုံးအလုအယက်ဖြစ်ခဲ့ကြတယ်။

အမြတ်ငွေ က လုံးဝ အနှီးမို့ အားလုံးကစိတ်ဝင်စားခဲ့ကြတယ်။Perth Company က လွဲလို့ပေါ့။ချင်းမိုင် က Bous ကိုယ်တိုင်က Perth Company က ဝယ်ယူခဲ့တာ။project က Beanတို့ project နဲ့ဆင်သလိုရှိနေခဲ့တယ်။Bean ရဲ့ အဖေက share တွေ မနိုင်ဖြစ်နေတဲ့အချိန် ဒီproject ကို အရမ်း အလေးထားနေရတာ။

Perth ဆီက ရောင်းထွက်သွားတာကြောင့် လုံးဝအခဲမကြေ Share တွေလည်းကုန်သည်အထိ စီးပွားရေးကထိုးကျသွားသေးသည်။

တွေးရင်း ဒေါသထွက်လာတာကြောင် တောက်တစ်ချက်ခေါက်မိသည်။

"အိမ်ရဲ့ စီးပွားရေး ကို မင်းဖျက်ဆီးခဲ့တာ Perth ..........တောက်...."

Highway လမ်းမကြီးဘေးမှ ကားကို ညာဘက်ကို ထိုးချကာ လမ်းသွယ်သွယ်လေးဆီသို့ ကွေ့ဝင်သွားသည်။မပြိုပေမဲ့ ဖုန်မှုန့်တွေနဲ့ ညစ်ပတ်နေတဲ့ အိမ်အိုကြီးထဲသို့ Saint ကို ပွေ့ချီကာ အခန်းငယ်လေးထဲက ခုတင်ပေါ် တွင်ထားပေးခဲ့သည်။

Perth လက်ထဲကအရာမှန်သမျှကို သူလုယူမှာ မင်းက ငွေတွေဆုံးရှုံးရင်တောင်ပြိုလဲမဲ့ကောင်မှမဟုတ်ဘဲဒီကလေးကို ငါလုယူပြီး မင်းလဲ ဆုံးရှုံးမှုဒဏ်ကိုခံစားစမ်းပါဦး။မခံမရက်နိုင်ဖြစ်ပြီး ပိုင်ဆိုင်ရမဲ့အရာတစ်ခုကို မင်းသေချာပေါက် လက်လွှတ်ဆုံးရှုံးခံကြည့်စမ်းပါ။ငါလည်း မင်းလိုရင်ကျိုးမရဖြစ်ခဲ့ဖူးတာ မို့လို့ မင်းသေချာပေါက် ခံစားပါ ဒါမှ လောကကြီးက တရားမျှတမယ်မလား

..........................................................................................................................

ရဲကို အကြောင်းကြားရင်း Hotel ရဲ့ CCTV မှန်သမျှကို လိုက်စစ်ဆေးရင်း မျက်နှာဖုံး အနက်ရောင်နှင့်သူပဲတွေ့ရသည်။ကား parking မြေအောက်ခန်းမှ ထွက်ခွာသွားသည်။ရဲတွေဟာလည်း ခန့်မှန်းခြေတွေပေးကာ စစ်ဆေးစုံစမ်းဖို့အားယူနေကြပါသည်။

''မှန်းဆခြေ အရပ် 6'2" ကားရဲ့ လမ်းကြောင်းက အနောက် Highway ကို ထွက်သွားပုံပဲ"

"အဲ့ဒါဆို ကျွန်တော်တို့ လိုက်သွားမှ ဖြစ်မှာပေါ့ "

စိတ်လောနေတဲ့ Perth ကို တားကာ အခြေအနေတစ်ခုထိ စောင့်ကြည့်ဖို့အတွက် Plan တားရသည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ