🖤30♥

2.2K 135 17
                                    

ကျောင်းတတ်တဲ့တစ်ပတ်အတွင်းမှာ Lily တို့နဲ့သိပ်မတွေ့ ဖြစ် ၊အတန်းချိန်တွေမတူတာကြောင့် တစ်ခါတစ်လေ ဆိုကျောင်းချိန်မတူတာတွေပါဖြစ်လာသည်။ဦးသည်လည်း ကျွန်တေိာ့ကိုအချိန်တွေ မပေးတော့ပဲ အလုပ်ကို ပဲ အာရုံစိုက်ရင်း ကျွန်တော် လျစ်လျူရှုသလိုခံစားနေရသည်။

"ကလေး ဦး ကားတစ်စီးစီစဉ်ပေးမယ်ကျောင်းပြန်ရင် ဦးလာကြိုမယ်လေ အဲ့လိုဆို အဆင်ပြေလား"

"ဟုတ်ဦး ဒါဆိုရင် ကျွန်တော်သွားတော့မယ်နော်"

"ကျွန်တော်....ကလေး...ကလေးအခုတလော ဦးကိုစိတ်ဆိုးနေတာလား အရမ်းစိမ်းနေသလိုပဲဦးကကလေးကို အချိန်မပေး နိုင်လို့ပါ ဦးဒီလတစ်လပဲ ဒီလ ကိစ္စတွေဖြတ်ပြီး အချိန်ပေးနိုင်ပြီ"

"အာ..... မဟုတ်ပါဘူး ဦးရ ဒီအတိုင်းပါပဲ "

မျက်နှာလေး ငယ်နေပြီး အရင်ကလို ငိုပြီး လိုချင်တာကိုမပူဆာတော့ပေ။အခု ပုံလေးက စိတ်အားငယ်နေသလို ပုံလေးနှင့် ရင့်ကျက်ဖို့ကြိုးစားနေသည့် ကလေးတစ်ယောင်အသွင်
Saint ရဲ့ပုံစံတွေက အရင်ကလိုကလေးလေး မဟုတ်တော့ပေ။လူပျိုပေါက် ပုံစံလေးဖြစ်လာပြီးနောက် အရမ်းလည်း ပြင်တတ်ဆင်တတ်လာတယ် ။ ဒါပေမဲ့ကလေးကို မယုံတာမဟုတ်ဘူး ကလေးကိုယုံတယ်။

"ဟုပီ.....ကလေး ကိုဦးကျောင်းလိုက်ပို့ပေးမယ်"

"ဟုတ်ဦး ဒါဆိုကျွန်တော် ကားထဲမှာစောင့်နေမယ်နော်"

လွယ်အိတ်ကလေးလွယ်ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး သက်ပြင်းတစ်ခုချမိသည်။အင်း.....အရင်ကထက် အချိန်ပိုပေးပါမှဖြစ်တော့မယ်.....ဦးကလေးကို လျစ်လျူရှုသလိုဖြစ်နေတဲ့အတွက်တောင်းပန်ပြီးချော့မှပါလေ

ကားပေါ်မှာ လည်း ဖုန်းကိုပဲအာရုံစိုက်နေတဲ့ ကလေးကြောင့် တစ်လမ်းလုံးကတိတ်ဆိတ်နေဆဲ အရင်ကလို ကလေးလေးမဟုတ်ပဲ ရင်ကျက်သွားတော့လည်း စိတ်ထဲမှာ တစ်မျိုးပဲ.....

"ကလေး......ဒီညနေအတန်းချိန်ပြီးရင် ဖုန်းဆက်လိုက်နော် "

"ဩော် အင်း....bye နော်."

တံခါးကိုပြန်ပိတ်ပေးပြီးနှုတ်ဆက်သွားတဲ့ အူကြူးလေး......... ကျွန်တော်ပြုံးလိုက်မိတယ်........ဦးကလေးက တကယ်ကို ရင့်ကျက်နေတာပဲ ဒါပေမဲ့ ဦးမကြိုက်ဘူးကွာ

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ