🖤48♥

2.3K 151 14
                                    


မိုးကောင်းကင်ကြီးပြိုကျသွားရင်တောင် ဦးကိုရွေးမိဦးမှာ

ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားလို့ တစ်ယောက်တစ်နေရာဆိုရင်တောင် တံတားထိုးပြီးအရောက်လာခဲ့မှာ

ဦး ကို ကျွန်တော့် ကိုယ်ထက်ပိုယုံတာ

မျက်ရည်ကျလောက်အောင်ချစ်တာ

Bunny နဲ့ Angel ရှိသေးတယ် ဦးကျွန်တော့်ကိုမငဲ့ရင်တောင် သူတို့လေးတွေကို ငဲ့ပါ.....နော်....ဦး

............................................................

"ဒီနေ့ကစပြီး Ivy ရော Elena ရော ဒီအိမ်မှာလာနေမှာ "

ဦးကိုငေးကြည့်နေမိတာ မဟုတ်ဘူး ငေးကြည့်ရုံလေးပဲ တတ်နိုင်တော့တာ
ပိုင်စိုးပိုင်နက် အပေါ်ထပ်ကို တတ်သွားတဲ့ Elena........ကိုလည်း ကျွန်တော် မတားရဲပါ

Bunny တို့အတွက် နှစ်ယောက်အတူ လုပ်ထားတဲ့အခန်းလေးကိုတော့ ဦးထိခိုင်းမှာမဟုတ်ဘူး ဆိုပြီး ကျွန်တော်ယုံကြည်ပါ့မယ်

"Perth မင်းရူးသွားတာလား "

နှုတ်ခမ်းပေါ် လက်ညိုးလေးတင်ရင်း
ရှူးဆိုပြီးလုပ်လိုက်တဲ့ ဦးက ဟိုမိန်းမကိုတော့အဖက်မပျက်ခဲ့တဲ့ဦးပါလေ

*ကျွန်တော်မငိုဘူး ကျွန်တော်မငိုဘူး ကျွန်တော်လုံးဝမငိုဘူး လုံးဝပဲ*

"Phi Charm ကျွန်တော့် အခန်းထဲလိုက်ပို့ပါ"

ခြေထောက်တွေ ယောင်နေတဲ့အကြောင်းတွေဦးကိုနောက်ကျမှ ပြောတော့မယ်
ဆီးသွားတိုင်းအရမ်းကျင်ပြီးအောင့်နေတဲ့အကြောင်းတွေ နောက်ကျမှပြောတော့မယ်

"Saint ဆေးရုံသွားကြမယ် "

Phi ကို ခဏကြည့်လိုက်ပြီး ခေါင်းခါလိုက်မိတယ် ဦးမပါရင်ကျွန်တော်မသွားချင်လို့

"ဦးမှ မအားတာဦးအားတဲ့နေကျမှသွားတော့မယ်"

"မရဘူးလေ Phi သွားပြောလိုက်မယ် "

လက်ကို လှမ်းဆွဲလိုက်ပြီး ခေါင်းခါပြမိပြန်တယ် ဦးကို အချိန်ပေးရမယ် ဦးကို အတင်းအကြပ်ကြီး မလုပ်ချင်တာမို့

"ကြီးမေကို မှိုကန်စွန်းလေးကြော်ပေးပါလား Saint စားချင်စိတ်ပေါ်လာလို့"

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now