🖤15♥

2.6K 143 2
                                    

ကလေးက Belt မပတ်သေးဘဲ သူ့ကို ပြုံးကာ ကြည့်ပြီး မျက်စောင်းထိုးသလိုလေးလုပ်နေသည်မို့ ကျွန်တော်ကိုယ်တိုင် belt ပတ်ပေးကာ နှုတ်ခမ်းလေးကို ဖျက်ကနည်းနမ်းပြီး ကားစက်နှိုးလိုက်သည်။မကြာပါဘူး လက်မောင်းကို လာရိုက်တဲ့ လက်သေးသေးလေး

"ကပ္ပလီအဖိုးကြီး"

"ဟောဗျာ ခွေးဖြူကောင်လေး ခေါ်ပြန်ပြီလား"

"ဦး ကလေးကို အဲ့လိုထပ်ခေါ်ရင် ကိုက်မှာနော် "

ကလေးက စိတ်ဆိုးသလို ပြောနေပေမဲ့ တကယ်တော့ စိတ်ဆိုးမနေပါ။ကျွန်တော့်ကို စနောက်ပြီးပြောနေမှန်း သိလို့ ကျွန်တော်လည်း ထပ်ပြီးစဖို့ ကလေးဘက်ကိုလှည့်ကာ

"လာကိုက်လေ ဒီနှုတ်ခမ်းကို ကလေးကိုက်ရင် ဦးခံပါ့မယ်နော်"

"နှာဘူးကြီး နှာဘူး အဖိုးကြီး"

နှစ်ယောက်သားစနောက်ပြီး ညဈေးကိုရောက်လာတော့ သည်။ ကလေး ရဲ့လက်ကလေးကို တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။အထက်တန်းကျောင်းသားတွေရဲ့ စာမေးပွဲနောက်ဆုံဖြစ်တာကြောင့် ဒီည လူပိုစည်ကားနေသည်။

အငွေ့တစ်ထောင်းထောင်းထနေသည့် ရိုးရာမုန့်မျိုးစုံကို တစ်ခုမကျန် သွားရည်ယိုနေသော ကလေးကိုလည်း လွတ်ထွက်မသွားအောင် ကိုင်ထားရသည်ကလည်း အလုပ်တစ်ခုပင်၊အနီရောင် hoodieလေး ထဲမှာပျောက်နေတာကြောင့် ကလေးရဲ့ ချစ်စရာကောင်းတဲ့အမူအရာကိုဘယ်သူ့မှ မြင်ရမှာမဟုတ်ဘူး။

"Saint လေး အဲ့ ဝက်သားကင် စားချင်တယ်ဦး..... ဝယ်ကျွေးပါနော်"

နှုတ်ခမ်းလေး ထော်ကာ အသံတစ်ဆာဆာနဲ့ ပူဆာနေတဲ့ ကလေး ကိုပသည်းယားစွာ ပါးမို့မို့ကြီးတွေကို ညစ်ပစ်လိုက်သည်။တမင်တကာ ချစ်ဖို့ကောင်းအောင်ချွဲပြနေသည့် ကလေး

"ဦးကိုအဖြေပေးလေ"

".......ဝယ်ကျွေး"

တိတ်ဆိတ်သွားပြီး မျက်နှာငယ်လေးနှင့် ဝယ်ကျွေးဆိုသော စကားလေးသာ ထပ်ပြောပြန်သည်။ချစ်ရဲ့သားနဲ့ ဒီကလေးဟာ ထုတ်မပြောသေးပေ။အရှက်ကဲပိုတဲ့ ကလေးကြောင့် ကျွန်တော် ထပ်မမေးဖြစ်တော့ အဖြေမပေးသေးပေမဲ့ ကလေး ကျွန်တော် သိပြီးသား။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Onde histórias criam vida. Descubra agora