🖤42♥

2.4K 160 14
                                    

ခြေထောက်က ဒဏ်ယာကနည်းနည်း နာနေတာကြောင့် အစောကြီးနိုးလာခဲ့တယ် ပတ်တီးအဖွေးသားနဲ့မို့ ထိုင်စဉ်းစားနေမိတယ်

ညကလည်းကျွန်တော်ဆေးမထည့်လိုက်မိပါဘူးဗျာ ဦးလား.....ကိုယ့်အတွေးနှင့်ကိုယ် သွားညီညီလေးတွေပေါ်သည်အထိ ပြုံးလိုက်မိသည်။

တံခါးဖွင့်လာတာ ကိုကြည့်လိုက်တော့ Phi Kao နှင့် Phi Title

"Saint ဘာလို့ ခြေထောက်ကအနာဖြစ်တာကို Phi ကို ဖုန်းမဆက်တာလဲတစ်ညလုံးသွေးတွေလွန်ထားတာ မင်းတော်တော်အားနည်းနေပြီ"

ဆူလိုက်တော့ ခေါင်းလေးငုံ့ကာ မေးလိုက်မိသည်။သေချာချင်သည်မို့

"Phi ဆေးစည်းပေးထားတာလား"

"ဟုတ်တယ် ဂျူတီချိန်က နေ့လည်ကျမှမို့လို့ မင်းဆီဝင်လာတာ တော်သေးတာပေါ့ မဟုတ်ရင် ဘယ်အချိန်ထိ ဒီဒဏ်ကိုဒီအတိုင်းထားမလဲမသိဘူး"

ကျွန်တော်ထင်တာ ဦးကျွန်တော့်ကို ဆေးစည်းပေးသည်ဟု တကယ်တမ်းတော့ ကျွန်တော့်အတွေးသက်သက် ဖြစ်နေပြန်သည်။

တွေးမိလိုက်တိုင်းနောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနှင့်မို့ တစ်နစ်တစ်ပိုးကြီးခံစားရသည်။မျက်လုံးကိုမှိတ်ချလိုက်ပြီး သက်ပြင်းတွေချခဲ့ရတာလဲ အကြိမ်ကြိမ် တကယ်ကြီး ပင်ပန်းလွန်းလာပြီ

"Phi တို့ပြန်တော့မယ်နော် ဂရုစိုက်ဦးSaint"

တစ်လှမ်းချင်းလှမ်းက လှုပ်လိုက်တိုင်းနာကျင်လာတဲ့ နာကျင်မှုကို မမှုပါဘူး ရင်ဘက်ထဲကနည်းနည်းတော့နာတယ် ဦး....

ရေချိုးခန်းရှိရာသို့ဦးတည်ပြီး လျှောက်လာပြီး မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး ခဏလောက် ခဏလောက် ငိုချင်လို့

ဦး...... မရှိရင် မဖြစ်ဘူး... ဟမ်း....ဒီလို မျိုး တစ်ယောက်တည်းနိုးထ လာတဲ့ခံစားချက်ကြီးကိုမကြိုက်ဘူး

ဦးဥပေက္ခာပြုပြီး ကျွန်တော့်ကို တစ်ချက်တောင်လှည့်မကြည့်တာတွေမကြိုက်ဘူး

တောင်းပန်ပါတယ် ဦးရယ် ကျွန်တော့်ကို ပြန်ပြီးချစ်ပေးပါတော့ဗျာ

မျက်ရည်တွေကို ရေတွေနဲ့မျောစေလျှက်

............................................................

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Место, где живут истории. Откройте их для себя