🖤26♥

2.4K 142 5
                                    


ခြံဝန်းထဲကိုကားဝင်လာသည်နှင့် ကြီးမေက အနားရောက်လာပြီး ကလေးလက်ထဲကို ပန်းစည်းလေးကမ်းပေးသည်။
အနီရောင် နှင်းဆီပွင့်တွေနှင့် အဖြူရောင် ကြယ်တာယာ လေးတွေဝန်းရံရင်း ပလက်စတစ်အနက်ရောင်လေးနှင့် တင့်တယ်လွန်းသည်။

"ကျေးဇူးပါ ကြီမေ သားအရမ်းကြိုက်တယ်"

"ကြီးမေ ညီမလေးကိုမတွေ့ပါလား"

ကလေးကျေးဇူးတင်စကားပြောလို့အပြီး အိမ်ထဲသို့ ရှာကြည့်တာ Daily ကိုမတွေ့တာကြောင့်
ကျွန်တော် မေးရင်းအိမ်ထဲသို့ဝင်လာပြီး Daily ကို ထပ်ရှာမိလိုက်သည်။

"Daily က တရုတ်ကို ပြန်သွားတယ် Perth"

"ဟုတ်လား ကျွန်တော် ညကျမှ ဖုန်းဆက်လိုက်တော့မယ် ကြီးမေတို့လည်းပင်ပန်းသွားပြီဆိုတော့နားတော့လေ ကျွန်တော်တို့နေ့လည်စာ အပြင်ကစားလာပြီးပြီ"

ကလေးနှင့်အတူ အခန်းထဲဝင်ပြီး ထိုင်နေလို့လည်းမဖြစ်။ကုတင်ပေါ်ရောက်သည်နှင့်ခြေကားယားလက်ကားယားအိပ်နေသည့်ခွေးဖြူလေးကိုကြည့်နေမိသည်။ လက်စမပျက်သေးတဲ့အလုပ်တချို့ကို အပြတ်ရှင်းရပေဦးမယ်။အလုပ်စားပွဲတွင်နေရာယူကာ ကွန်ပျူတာ ခလုတ်တချောက်ဂျောက် နှိပ်ရင်း စာရင်းတွေသေချာ စစ်ရပြန်သေးသည်။

ကလင်.....ကလင်

"Hello Boss မနက်ဖြန် နိုင်ငံခြားသားတွေက အားချင်း အစည်းအဝေးဖိတ်လိုက်လို့ Boss ကိုဖုန်းဆက်လိုက်တာပါ"

"အားချင်းဆိုတော့ အရေးကြီးပုံပဲ ဒါဆို လာခဲ့မယ် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားလိုက်နော်"

ဖုန်းချပြီးတော့ ဘေးနားမှာ ပွတ်သည်းပွတ်သပ်လာလုပ်နေတဲ့ခွေးဖြူလေးတစ်ကောင် ကျောပြင်လေးကိုခပ်ဖွဖွပွတ်ပေးပြီး နဖူးလေးကို ထပ်မံနမ်းမိပြန်သည်။

"နိုးသွားပြီလားကလေး ရေချိုး ပြီးကျရင် ညစာသွားစားကြရအောင်"

ခေါင်းကုတ်ဖင်ကုတ်နှင့် အိပ်ချင်မူးတူးခွေးပေါက်လေးက ဆံပင်တွေလည်း စုတ်ဖွာလို့ ရေမိုးချိုးအဝတ်အစားလဲ ပြီးသည်အထိဘေးနားမှာငူငူကြီးထိုင်နေတာကြောင့် ဗိုက်ဆာလို့လားမေးတော့ခေါင်းခါပြသည်။နှုတ်ခမ်းလေးတွေ ဆူကာ အကြည့်မလွှဲပဲ ခေါင်းဖြည်းဖြည်းချင်းခါလိုက်သည့်အမူအရာကအစ မြတ်နိုးဖွယ်အတိ

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ