🖤22♥

2.3K 130 4
                                    

Daily တစ်ယောက် ဒီနေ့အတော်ကို စိတ်ညစ်နေရပြီ Perth နဲ့Saint နဲ့ နောက်လ ထဲလက်ထပ်ကြတော့မယ်တဲ့ ဘယ်လိုတောင်မြန်နေကြတာတုန်းဆိုပြီး သူမကြိတ်မနိုင်ခဲမရနှင့် အတော်ပင် ပူလောင်နေခဲ့သည်။အကြံတစ်ခုစဉ်းစားမိပြီး Bean နဲ့ Xan ကို တွေ့နေကြဆိုင်ကိုခေါ်ပြီး တိုင်ပင်ရမည် နောက်လဆိုပေမဲ့ ဒီတစ်ပတ်ပဲအချိန်ရတော့သည်။

"မင်းက မင်္ဂလာပွဲကိုဖြတ်ချင်နေတာလား ဒါဆိုလဲရှင်းရှင်းလေးကွာ မင်းအကိုကိုသွေးထိုးလိုက်ပေါ့ သူကမင်းကိုယုံနေတဲ့ဟာကို"

Xan က Daily ကိုကြည့်ကာ ပေါ့ပေါ့ ပါးပါးပဲ အကြံပေးလိုက်ပေမဲ့ ဘေးနားက Bean က ထပြီး တခြားအကြောင်းအရာကိုအကောင်အထည်ဖော်ရန်ပြောပြန်သည်။

"ဟက်......ငါအကြံရပြီ Daily stick ဒီကောင့်ကိုပေးလိုက် မင်္ဂလာပွဲနေ့မှာ ဒီ Photo နဲ့ video တွေကိုချပြလိုက် Perth လဲ အရှက်ကွဲမယ် Saint လည်း အရှက်ကွဲမယ် မင်္ဂလာပွဲလဲပျက်မယ် "

"ဒီလို စီစဉ်လို့ရတယ် သူတို့ memorie တွေပြန်ပြတဲ့အချိန်ဒါကို ဖွင့်ပြလိုက်ရင်ရော "

"Tanapon သတ်သေချင်စိတ်ပေါက်သွားမှာ ဟား.....ဟား...ငါ့ကို မခန့်လေးစားလုပ်နေတဲ့ Saint ဆိုတဲ့ ကလေးလဲအရှက်ရပြီ ok လေ စီစဉ်ကြတာပေါ့ "

သူမတို့သုံးယောက်လုံး ထိုအစီအစဉ်ကို လက်ခံလိုက်ပြီး ကျေနပ်စွာ ဂုဏ်ယူနေကြသည်။ပထမတစ်ခေါက်က Saint ရဲ့ အရှက်သိက္ခာတွေ ကို စုထားသည့် Video တစ်ပုဒ်ကို လူတွေ အများကြီးရှေ့မှာချပြဖို့ သူမတို့ကြံစည်နေခဲ့ကြသည်။

......................................................................................................................

Kao တို့တွေရော အကုန်လုံး သတို့သမီး သတို့သားအရန်တွေအတွက်ပါ မင်္ဂလာဝတ်စုံသွားချုပ်ဖို့ လူစုပြီး ဆိုင်ကိုရောက်
တာနဲ့ အရောင်တွေရွေးတာ တစ်ဆိုင်လုံးကို ဆူညံသွားတော့တာပဲ၊

ကလေးက Suit အဖြူရောင် ဆင်တူလေးပဲ လိုချင်တယ်ပြောတာကြောင် မင်္ဂလာမောင် နှံတွေက အကုန်ပြီးစီး သွားပြီအရံတွေကဆူညံနေသေး။ Aim ကလည်း သူမလိုချင်တာ မရသရွေ့ အော်ဟစ်ကာ ဆူနေသည်။Lily လည်းထိုနည်းတူပဲ Saint လက်ထပ်ပွဲအတွက် သူမတို့စိတ်လှုပ်ရှားသလို ပျော်ရွှင်နေကြသေးသည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ