🖤19♥

2.4K 141 5
                                    

ကလေးရဲ့ မျက်လုံးတွေနဲ့စုံအောင်ကြည့်ပြီး
Kaownah ပြောသွားလို့ ကျွန်တော် အကုန်သိပြီးပြီ ကြီး‌မေ ကလည်း လိုအပ်တာတွေအကုန်ပြင်ပြီး ပြီ မို့ ကလေးကို အသာပြုံးပြပြီး စကားအစရှာနေမိသည်။

"အပြင်ထွင်လေ ဘာလုပ်နေတာတုန်း"

"ကြမ်းပြင်ပေါ်က ဟာတွေသုတ်ဖို့လေ"

"အီး.....ဟီး.....ရှက်လို့ ထွက်ပါပြောနေတယ်လေ ကျွန်တော့် လုပ်မယ် ခင်ဗျားထွက်တော့ဗျာ"

ထငိုတော့ ကျွန်တော့်မှာ ပြေးပဲချော့ရမလား နှင်လို့ ထွက်ပဲပြေးရမလား လမ်းစက ပျောက်ချင်နေပြီ။ကျွန်တော် နားလည်ကြောင်းသဘောပေါက်ကြောင်းရှင်းပြချင်ပေမဲ့ ကလေး ကအတင်းနှင်လွတ်ဖို့ပဲ စဉ်းစားနေပုံရသည်။

"မငိုနဲ့ကလေးရယ် "

ခုတင်ပေါ် ပေါင်တခြမ်းနှင့် ခန္ဓာကိုယ်တစ်စောင်းတင်ပြီး ဖတ်လိုက်မိတော့သည်။
ရှက်နေလို့ ဖြစ်မဲ့ကိစ္စလား။ကျွန်တော်သေချာရှင်းပြမှ ဖြစ်မည်မို့ ကလေးကို လေသံအေးအေးဖြင့်သာ

"ဦးအကုန်သိတယ်လေ ဦးအကုန်သိတယ်လို့ အဲ့တော့မရှက်နဲ့ ဗီရိုထဲမှာ လိုအပ်တာတွေ အကုန်ထည့်ထားတယ် အဲ့တော့ ရေချိုးလိုက် ဒီဟာတွေအကုန် ဦးပဲရှင်းလိုက်မယ်နော်..... "

"ဒါပေမဲ့......စိတ်ပျက်စရာကြီးလေ ဦးအတွက်ဒါတွေကမရင်းနှီးဘူးမလား"

ရင်ဘက်ထဲကခေါင်းလုံးလုံးလေးကစကားတွေတတွတ်တွတ်နှင့်ပြောနေသည့်ကလေး။ကျွန်တော်က ပိုတောင်ပျော်နေသေးသည် ပြီးတော့ ကလေးရဲ့ မျက်နှာလေးကိုကြည့်ကာ

"ကလေး နဲ့ပတ်သတ်သမျှကို ဦးစိတ်မပျက်ဘူး အဲ့ဒါကိုယုံ"

"ဒါပေမဲ့....."

"ကဲ ဒါပေမဲ့မနေနဲ့ တစ်နှစ်လောက် ဒီကိစ္စအဖြစ်အောင် ဦးလုပ်ပေးရမလားပြော"

ပထမတော့ မျက်လုံးပြူးပြူးလေးနဲ့ ကျွန်တော့်ကို ကြည့်နေပြီး နောက်တော့မှသဘောပေါက်သွားဟန်ဖြင့် မျက်နှာ တစ်ခုလုံး နီရဲလာ၏။ကျွန်တော် လည်း ပြောမဲ့သာပြောလိုက်တာ ကလေး အော်ငိုမှာလည်းတွေးပူရပြန်သည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ