🖤20♥

2.5K 134 13
                                    


Daily ပြောခဲ့တာ တွေက ကျွန်တော့်ကို ချစ်လို့ ပြောခဲ့တာ လို့ပဲထင်ပါတယ် သူလည်း ယောက်ျားလေးနှစ်ယောက်အချစ်ကို ဘယ်လက်ခံနိုက်ပါ့မလဲ သူ့ကိုလည်းအပြစ်မမြင်ရက်ပြန်ဘူး

တစ်လလုံးလုံး ကလေး နဲ့ အတူတူ ရယ်လိုက်မော လိုက်နှင့်ပင် ကလေး မိဘ တွေပြန်လာတော့ ကလေးက အိမ်ပြန်သွားရပြီ ကျွန်တော်ကပဲ လွမ်းပြီး ကျန်ခဲ့ရပြန်ပြီ

                          •••••••••

"ဘာဆက်လုပ်ကြမလဲ ငွေတွေတော့ ငါ့တို့ လက်ထဲတော်တော် ရောက်နေပြီ ဒါပေမဲ့ ..."

"ငါသိတယ် ငွေတွေလောက်နဲ့ ထနပ်ပွန် ထိခိုက်သွားမှာမဟုတ်တာငါသိတယ် ပြီးတော့ ဒီငွေ ပမာဏကို ငါအားမရသေးဘူး ငါအကုန်သိမ်းယူပြစ်မှာ Bean နင်က သူပြိုလဲသွားရင် ရပြီမလား သူပြိုလဲသွားဖို့ရော ငါပိုက်ဆံတွေရော စည်းစိမ်တွေ ရဖို့ပါ တစ်ခုတည်း ချက်ကောင်းက Saint ပဲ"

"မင်ဘယ်လို စီစဉ်ထားလဲ......Daily"

"ငါ စီစဉ်ထားတာ Saint တခြားတစ်ယောက်ဆီပါသွားဖို့ပဲ Saintသာထနပ်ပွန်ကို ပစ်သွားရင် ငါ ဝင်လုံးဖို့လွယ်ကူတယ် ထနပ်ပွန်က ငါ့ကိုယုံတယ် hakSaint တခြာသူစီပါသွားရင် perth ရူးသွားမှာ ဘယ်လိုလဲ"

"ငါကြိုက်ပြီ ဟား....ဟား...ဟား....ဟား....မင်းအကြံမဆိုဘူး"

လက်ဝါးနှစ်ဖက် ကို ရိုက်လိုက်ကြပြီး အပျော်တွေက ကွန့်မြူးလို့ ။သူတို့ရဲ့ အကြံအစည်တိုင်းဟာ Perth ကိုထိခိုက်စေဖို့အပြင် Saint ကိုပါ ထိခိုက်ဖို့ ပါလာခဲ့ပြန်သည်။

                              •••

"ငါ့ ညီမ ကိုကျွန်တော်ယုံကြည်တယ်
အဲ့ဒီအတွက် ငါတို့ စကား ဆက်ပြောစရာမလိုတော့ဘူး ထင်ပါတယ်"

"နိုင်ငံခြား ကိုပို့တဲ့ စာရင်းတိုင်းမှာ သုည တစ်လုံး မဟုတ်ရင် နှစ်လုံးလောက်ပိုနေတာ ဖြစ်သင့်ရဲ့လား Perth"

"စာရင်းချုပ်တွေကို အကုန်ခေါ်လိုက်လေ Daily တစ်ယောက်တည်း လုပ်နေရတာမှမဟုတ်တာ မင်း တို့ တွေ ဣန္ဒြေ လေးဘာလေးထိန်းကြ ဒီငွေအမောက်ကို ငါ့ဘက်က ပြန်ရော်ပေးနိုင်တယ်ဘာကိစ္စမှ Daily ကိုဆွဲထည့်မနေနဲ့"

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Donde viven las historias. Descúbrelo ahora