🖤54♥

2.4K 151 4
                                    

ပျော်ရွင်ဖွယ်ကမ္ဘာငယ်လေး က အခုဆို လေးနှစ်တောင်ရှိနေခဲ့ပြီ

ကံကြမ္မာရဲ့လေပြေတွေကလည်းလက်ဆက်ဆဲမို့

Bunny, Angel လေးရယ် ပြီးရော အိမ်သူသက်ထား ချစ်လင်လေးရယ်....ပျော်ရွှင်ဖွယ်အတိ

............................................................

Dream mall ကို Sunday special နဲ့ပိတ်ပြီး bunny ရယ် Angel လေးရယ်နှင့် အားလုံး ကျွန်တော်တို့ရဲ့ ချစ်ခင်ရသူအားလုံးပေါ့

"Happy birthday Bunny နဲ့ Angel"

"ကျေးဇူးတင်ပါတယ် တီတီ"

"ကျေးဇူးတင်ပါတယ် တီတီ"

လက်ထဲကို အရုပ်ကလေးတွေတစ်ယောက်တစ်ရုပ်ထည့်ပေးတော့ ကျေးဇူးတင်စကားပြောတဲ့ ကလေးတွေကအသည်းယားဖွယ်အတိ

လေးနှစ်ပြည့်ပွဲမှာ တီတီတာတာလေးတွေနှင် ယုန်လေးနဲ့နတ်သမီးလေးက အဖြူရောင်ဝတ်စုံလးတွေနှင့်

"Happy birthday....babiesလာပါဦး....တီတီဆီကို အာဘွားပေးမလို့"

ပွေ့ဖက်လိုက် နမ်းရှုံ့လိုက်နှင့် မွေးနေ့ အစလေးမှာ လက်ဆောင်ဗူးတွေတစ်ပွေ့တစ်ပိုက်ကြီးရယ် လူများများစားစား မဖိတ်ထားပေမဲ့ မူကြိုကျောင်းက ကလေးတွေအကုန်လာသည်မို့ Dream mall တစ်
လုံးကလေးတွေနှင့်ပြည့်နေကြသည်။
အဆောင်အယောင်တွေနှင့်ခမ်းခမ်းနားနားပင်

"ပါးပါး သားတစ်ခုလောက်မေးလို့ရလားဟင်"

"မေးလို့ရတယ်လေသားသားရဲ့"

"ဘာလို့ သားသား တို့ကို အရုပ်တွေအများကြီးပေးနေကြတာလဲဟင်"

"ဒီနေ့က သားသားတို့ရဲ့ လေးနှစ်ပြည့်မွေးနေ့လေးမို့လေ ပါးပါးက ဒီဗိုက်ထဲက သားသားတို့ကိုမွေးထုတ်ထားတဲ့နေ့မို့လို့"

ဗိုက်လေးကို ညွှန်ပြတာတောင် ဖောင်းကားပြီး နီနီရဲရဲလက်ကလေးတွေနှင့်ထိတွေ့ပြီး
တခိခိရယ်သေးသည်။

"ဒါဆို ပါပါးရဲ့ ဒီဗိုက်ထဲကသားသားတို့ကထွက်လာတာလား"

ခေါင်းငြိတ်ပြပြီး ပါးမို့မို့ကြီးတွေနမ်းလိုက်တော့ တခိခိနဲ့ရယ်ပြန်သည်။

"သားသား Lotion တွေလိမ်းထားတယ်လေ သွားသွားမနမ်းနဲ့ ပြေးပြီ"

လုံးလုံးတုတ်တုတ်လေးနှင့် ကလေးတွေဆော့နေသည့် နေရာကိုပြေးသွားတဲ့သားလေးကို ငေးကြည့်နေမိလိုက်တယ်

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now