🖤16♥

2.6K 136 4
                                    

မနက်ခင်း နေမင်းကြီးဆီက ခွဲထွက်လာတဲ့ ရောင်စဉ်တန်းတွေက အိမ်ရဲ့ မှန်ပြတင်းပေါက်ကို ဖြတ်သန်းလာပြီး ကျွန်တော့် မျက်နှာ ကို လာပြီး ထိတွေ့ ကြသည်။

အနွေးဓာတ် စူးစူး လေးကျလာတာကြောင့် ကျွန်တော် နိုးထလာတော့ မျက်နှာသစ်အဝတ်အစားလဲကာ မနက်စာ ဝိုင်းသို့ဆင်းလာခဲ့သည်။

Paw နှင့် Mae ကတော့ lao ကို ဆိုင်ခွဲဖွင့်ဖို့အတွက်သွားရကြောင်းနှင့် Aim လိုက်ရန်ပူဆာနေခြင်း

ကျွန်တော် အရင်ကလိုဆို Aim နဲ့လိုက်ဖို့အပူ ကပ်မိမှာ အမှန်ပဲ ဒါပေမဲ့ ဦးနဲလဲမခွဲနိုင်ဘူး

"သားငယ်ကရော လိုက်မှာလား".

Paw လှည့်လာပြီး ကျွန်တော့်ကို မေးတာကြောင့် Paw နဲ့ Mae ကိုပြုံးပြပြီး ကျွန်တော်ငြင်းဆိုလိုက်မိသည်။

"သား...... သား.နေခဲ့မှာ Paw"

နေ့လည်လောက်ရောက်တော့
Paw တို့တွေ လေယာဉ်ကွင်း အထိ ဦးနဲ့ကျွန်တော် လိုက်ပို့ဖြစ်သည်။
Mae က ဦးစကားနားထောင်ဖို့တွေမှာပြီး
တစ်လ လောက်ကြာ မယ်ဆိုတဲ့အကြောင်းတွေ နားစည်ကွဲမတတ် မှာ ခဲ့သည်။

လေယာဉ်ကြီးမိုးပေါ်ပျံဝဲသွားသည်အထိ ကျွန်တော် တို့ လှမ်းကြည့်ဖြစ်ခဲ့ကြသည်။
မိသားစုနဲ့ခွဲနေရတာ ကျွန်တော့်အတွက် မဆန်းတော့ Paw နဲ့Mae ကအမြဲ
ပြည်ပ ခရီးစဉ်တွေသွားနေကြသည်။
Aim နဲ့ Lily ကလည်း အခု ဆို လိုက်သွားကြပြီ Lily က လည်း Paris လိုက်သွားသည်။

"ကလေး ပျင်းနေပြီလား"

ကျွန်တော် ဦးကို ခေါင်းခါပြလိုက်သည်။ဒါပေမဲ့ ကျွန်တော် ပျင်းနေတာတော့အမှန်ပဲ။
မအီမသာ ဖြစ်နေတဲ့ ရုပ်ကလေးနှင့် ခေါင်းကလဲ ခါပြသည်။နှုတ်ခမ်း ဆူဆူလေးနှင့်

ရုံးမှာ အလုပ်တွေ ရှိတာကြောင့်သာခေါ်လာရသည်။ကျွန်တော် အလုပ်စားပွဲမှာ ထိုင်နေရပေမဲ့ ကလေးဆီပဲ အာရုံက ရောက်နေလို့ မနည်း အလုပ်ကို အာရုံစိုက်ကာ အပြီးဖြတ်လျှက်

ညနေစောင်းမှ စာရင်းပုံထဲက ခေါင်းထွက်နိုင်သည်။Sofa ပေါ်မှာ ခွေခွေ ကလေးအိပ်နေတဲ့ ကလေးကြောင့် စိတ်မကောင်းဖြစ်ရပြန်သည်။မိသားစုနဲ့ခွဲပြီးတောင် ကိုယ်နဲ့ ကျန်နေတဲ့ကလေးမလား ပါးလေး ကို ကိုင်ပြီး နိုးတော့ မျက်လုံးတွေပွတ်သပ်ပြီး နိုးလာတဲ့ ကလေးလေး

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now