🖤38♥

1.9K 126 9
                                    

တစ်လမ်းလုံးတတ်ဆိတ်နေတဲ့ Perth ကြောင့် ဘယ်သူကမှလဲ စကားစပြောဖို့ အစဉ်မရှိခဲ့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ အံကိုတင်းနေအောင်ကြိတ်ပြီး မျက်ဝတ်သားတွေကနီရဲလို့ သူဘယ်လောက်ခံစားနေရမလဲ နားလည်သည်မို့ ဘေးနားကလူတွေလည်း လေသံအေး တရားမပေးနိုင်

Mini max တစ်ခုကိုဝင်ပြီးဆိုပြီး ဘီယာ ဘူးနှစ်ဆယ်ကျော်ကျော်ဝယ်ချလာတဲ့Perth လက်တစ်ဖက်က ရေခဲထုတ်တွေ သယ်လာခဲ့သည်။
ဘာစကားတစ်ခွန်းမှမပြောဖြစ်ခဲ့ကြ
ကြီးမေကို အမြည်းတွေလုပ်ခိုင်းကာ အဆောင်သို့ ပြန်သွားခိုင်းလိုက်၏။
တစ်ပြိုင်တည်းနှစ်ဗူးလောက်ဝင်သည်နှင့်
Perth တစ် စကားတွေအဆက်မပြတ်စွာပြောနေခဲ့သည်။

"စတွေ့တုန်းက စွာတာတာလေးနဲ့ကောင်းလေး အရမ်းချစ်ဖို့ကောင်းခဲ့တာငါ့လက်ကို ကိုက်သွားတဲ့ကောင်လေးလေ Hak hak ငါမသိဘူး အဲ့ကောင်လေးကို ဘယ်လိုတောင်ချစ်ခဲ့မိလဲဆိုတာကို ဟား...ဟား.. အေ့....အေ့....ငါ့ယုံကြည်မှုကိုဖျတ်ဆီးသွားတာ သူကငါ့ယုံကြည်မှုတွေကိုအပိုင်းပိုင်းချိုးဖျတ်ပြစ်လိုက်တာ.Hak ဒါတောင်စောက်သုံးမကျတဲ့ငါက အအေးပတ်မှာစိုးလို့ အင်္ကျီလဲခိုင်းသေးတယ်.သူကတော့ တစ်ခြားတစ်ယောက်နဲ့သာယာနေတာ ဟား ဟက် ဟက် ဟက်"

အဆက်မပြတ်သောက်ပြီး စကားတွေအဆက်မပြတ်ပြောနေတဲ့ perth ကို မတားမိချေ ဒီနေ့တစ်ညတော့ လွှတ်ထားရန် ဆုံးဖြတ်မိသောကြောင့် သူ့ရင်ထဲက ခံစားချက်တွေ ပွင့်ဟလာပြီး ကြိတ်မနိုင်ခဲမရဖြစ်နေသည့်ပုံ

"ငါဘယ်လောက်ထိခံစားရလဲသိလား
တခြားမိန်းမတစ်ယောက် က အင်္ကျီကျွတ်နဲ့ထွက်လာတဲ့အချိန်ထိတောင် ငါယုံနေသေးတာ ဒါပေမဲ့ ငါ့အချစ်ကိုစော်ကား သူ စော်ကားတယ်ကွာ ဟင့်အင်း ငါ.............ငါအရမ်းချစ်တာ အရမ်းချစ်လွန်းလို့ ငါယုံကြည်ပေးခဲ့တာ သူပြန်လာမှာပါဆိုတဲ့စိတ်နဲ့ ငါ..........ငါကွာဟင်း.....ဟက်.... ရွှတ် ရက်စက်လိုက်တာ ကလေးရယ်.....ဦးအချစ်တွေကို စော်ကားတယ် ကလေးလေးက ဦးရဲ့ခွေးဖြူလေး"

မျက်ရည်တွေနဲ့ ရင်ဘက်ကို အကြိမ်ကြိမ်ပုတ်ခတ်လျှက်ပင် တကယ်ပင်နာကျင်ခံစားနေရသည်နှလုံးသားကြောင့် သုရိုက်ပုတ်နေပေမဲ့အသားတွေ နာမှန်းမသိပါ

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now