🖤53♥

2.4K 138 6
                                    

ဒီဒီရေ.......ပါးပါးက သားဆီကမုန့်လုစားနေတယ်

ဒီဒီရေ......ပါးပါးက မီးမီးကို အရုပ်မပေးဘူး

ဦးရေ.....ဦးbunny နဲ့ Angel က ကလေးကို ဝိုင်းနှိပ်စက်နေကြတယ်

............................................................

အလုပ်ကပြန်လာသည်နှင့်သားနှင့်သမီး နှစ်ယောက်ကိုရှေ့မှာထားပြီးစကားပြောသင်နေတဲ့ခွေးဖြူလေး

သားဖတွေ အဖြူရောင်ဝမ်းဆက်လေးတွေကိုယ်စီနဲ့ မဟော်ဂနီရောင်ကြမ်းပြင်ထက်မှာ ပန်းခင်းကြီးပေါ်က ငှက်ကလေးတွေလိုပဲ

"ဒီဒီ"

"ဒီဒီ"

"ဒီဒီ"

"အေးဟုတ်ပြီ နောက်တစ်ခု ပါးပါး"

"အေးဟုတ်ပြီ နောက်တစ်ခု ပါးပါး"

"အေးဟုတ်ပြီ နောက်တစ်ခု ပါးပါး"

"ဟာ ဟေးပါးပါးကိုနောက်နေကြတာလား ဟွန့်"

လက်ဖဝါးသေးသေးလေးနဲ့အုပ်ပြီး သူ့ပါးပါးကို စနောက်သဘောကျလို့ရယ်နေတဲ့ကလေးလေးတွေ ကျွန်တော့်ကိုမြင်တော့ Bunny လေးကပြေးလာပြီးသူ့ညီမလေးကိုပ်အော်ပြောလိုက်သည်။

"ဒီဒီ ပြန်ယာပြီးယေး...."

အနောက်မှာ ရပ်ပြီးကြည့်နေတဲ့ ကျွန်တော့်ကို သားကြီးကမြင်ပြီးပြေးဖတ်တော့ သမီးငယ်ကပါ ပြေးလာခဲ့သည်။

နှစ်ယောက်စလုံးကိုပြိုင်တူချီရင်း ပါးမို့မို့လေးတွေကို အနမ်းတွေအဆက်မပျက်ပေးရင်း ကျွန်တော့်မှာ တစ်နေ့လုံးအမောတွေပြေလို့

"ဦး...ဒီနေ့စောသားပဲယရေချိုးဦးလေ လာ bunny နဲ့ Angel ပါးပါးဆီကို အောက်မှာ မန်မန်သွားစားမယ်"

ကလေးတွေကို လက်လွှဲယူလိုက်တဲ့ ခွေးဖြူလေးက စူပုတ်ပုတ်ကလေးရယ်
ကလေးတွေသူ့ဆီရောက်သည်နှင့် သားဖသုံးယောက်လုံးကိုပွေ့ပြီး အာဘွားတွေ တစ်ယောက်တစ်လှည့်ပေးလိုက်တော့မှ ပြုံးသဲ့သဲ့ကလေး

သူကို မနမ်းလို့ စူပုတ်နေတဲ့ခွေး ဖြူလေးလေ ...........

ရေချိုးပြီး ဆင်းလာတော့ သားတွေသမီးတွေနဲ့ဆူညံနေပြန်ရော

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now