🖤33♥

1.9K 121 6
                                    

"ဟုတ်တယ် ငါစိတ်ပျက်လာပြီ နင်တို့ကို အိမ်ပြန်ပို့ပေးမှာ ငါ့ကို ဘာစကားမှထပ်မပြောကြပါနဲ့"

အနောက်ခန်းထဲ အရှေ့ seat ကို ပုတ်ကာ အော်ပြောလိုက်သည့် Aim ကြောင့် Saint အမှန်ပင် မျက်ရည်ဝဲတတ်သည် အထိ ဝမ်းနည်းနေမိသည်။

"ငါ နင့်အမဆိုတာရော နင်သိသေးရဲ့လား Saint hum နင်က ဘာဖြစ်ချင်နေတာလဲ နင့်ကိုယ်နင်ဘာထင်နေတာလဲ နင့်မှာ အိမ်ထောင်ရှိတယ်လေ ဘာလဲနင်က မယားငယ် ထားချင်နေတာလဲ"

တဖြည်းဖြည်း ကျယ်လောင်လာတဲ့ အသံကြောင့် Saint ကားကို အရှိန်ပိုတင်ပြီးမောင်းလိုက်သည်။

"မောင်းစမ်း ဟာ အတူတူ သေကြတာပေါ့တစ်ပတ်လေးတည်း ဒီတစ်ပတ်လေးထဲ နင်ဘာဖြစ်သွားရတာလဲ နားကိုမလည်နိုင်ဘူး"

နှုတ်ခမ်းသားတွေကို ကိုက်ခဲကာ အံကြိတ်ပြီး သူတို့ပြောခဲ့သမျှကို နားထောင်နေခဲ့သည်။

Mae တို့ခြံရှေ့ရောက်သည်နှင့် ကားကိုထိုးရပ်ပေးလိုက်တော့ နှစ်ယောက်အောက်ရောက်ပြီးလို့ တံခါးပိတ်သည်နှင့် မောင်းထွက်သွားသည့် Saint

Assignment တွေလုပ်နေတုန်း Aim တို့အိမ်မှာ လာနေတာကြောင့် နှစ်ယောက်သား အိမ်ထဲဝင်ပြီး mae တို့အပြန်ကိုစောင့်နေခဲ့ကြသည်။

ခြံထဲဝင်လာသည့် ကားလေးဝင်လာသည်နှင့် Perth တစ်ယောက် ထွက်ကြိုခဲ့သည်။ ဒါပေမဲ့ ကလေးရဲ့မျက်နှာက စိတ်ညစ်မှုတွေအပြည့်နှင့် ကျွန်တော့်ကို ရှောင်ထွက်သွားခဲ့သည်။

Apron ကြီးနဲ့ကျွန်တော်ဟာ သူရှောင်လွဲခဲ့တဲ့ နေရာမှာ ပဲရပ်နေမိလိုက်သည်။

"ညစာ အတူစားခွင့်ရတာပဲ"

"Perth မင်းဘာဖြစ်နေတာလဲကွာ"

မီးဖိုခန်းထဲ ပြန်ဝင်ပြီး ကလေးကြိုက်တတ်တဲ့ ဝက်သားသုံးထပ်သားကို အချိုချက်ချက်ထားသည်။ကလေးက အစပ်မစားနိုင်ဘူးလေ၊ခေါက်ဆွဲလေးနှင့်အသားလုံးလေးပြုတ်ထားပြီး ကြက်သွန်ဖြူ ရှောင်တယ် ကလေးကကြက်သွန်ဖြူ အနံ့မခံနိုင်ဘူးမလား

ကြက်ပင်စိမ်း ကို ငရုတ်သီးနည်းနည်းနှင့် အစပ် ပေါ့အောင်ထိန်းချက်ထားသည်။ထမင်းကိုလည်း အနေတော်ရအောင် ရေကို မနည်းချိန်ညိထားရသည်အထိ

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Onde histórias criam vida. Descubra agora