🖤7♥

3.3K 169 7
                                    

သတိထားမိတာတော့ကြာပြီ
ဦးလေးကြီးက Saint ကိုအရမ်းဂရုစိုက်သလိုပဲ၊ပြီးတော့ ချင်းမိုင်သွားတုန်းက Saint နေခဲ့တာကိုလည်း အံ့သြနေတာ၊Saint က ခရီးထွက်ပြီဆို သူလိုက်ကိုလိုက်ရမှ မလိုက်ရရင် သောင်းကျန်းတဲ့ကလေး

အရမ်းထူးဆန်းနေတယ် ဒီရက်ပိုင်းအတွင်း ငေးမောနေတာတွေ့တယ်။ပြီးရင် ဦးလေးကြီးအိမ်ဘက်ပဲ ခဏခဏ သွားနေတာတွေ့ရတယ်။

အဲ့တော့ အနူးညံ့ဆုံး Love by Chance လေးပဲ ပြလိုက်တာပါ။

သူက Pete ကိုသဘောကျတယ်တဲ့။ပြီးတော့ ဦးလေးကြီးကို Ae နဲ့ တူသတဲ့။

Lily ဆို ပြောပြောပြီးရယ်နေတာ Aim နဲ့ Lily မြှောက်ပေးလိုက်တာပဲ ကျွန်မမောင်လေးSaint တစ်ယောက်တော့ ကွေးသွားပြီ။

ဦးလေးကြီးက လည်း အဖြောင့်မဟုတ်ဘူးဆိုတာ Lily ပြောလို့သိတာ။

" နင်က Chompoo လား"

"ဟမ်....."

"အမ်....."

ကျွန်တော့်အမေးကြောင့် Lily ရော Aim က ပါအာမေဋိတ်သံကိုယ်စီဖြင့်
ကျွန်တော့်ကို ပြူးကြည့်နေတဲ့ သူနှစ်ယောက်ကြောင့် ကျွန်တော်နည်းနည်း အားနာမိသွားတယ်။ကျွန်တော် သဝန်တိုနေတာများလား

"Aim နင် နင် ဦးကို"

"ကပ္ပလီ အဖိုးကြီးကိုငါကကြိုက်စရာလားငါက ဆရာဝန်ကိုပဲ ယူမှာ ဟွင့်.... နင်ကိုစိတ်ဆိုးတယ် တွေ့မယ် ငါကတော့ ငါမောင်လေး seme ဖြစ်ပါစေ ဆုတောင်းပေးနေတာ"

"အေး နင် Uke ဖြစ်ပါစေ Pete လို အပြစ်ပေးခံရပါစေ"

"နင်တို့တွေ မညစ်ပတ်နဲ့နော် ငါက ဒီအတိုင်းလေးမေးယုံပဲ"

"ဟား.....ဟား....."

အပြစ်ပေးခံရတဲ့ အခန်းကို ကောင်းကောင်းသိနေတဲ့ Saint တစ်ယောက် ရှက်လွန်းလို့ ဘယ်သူ့ကို ရမ်းရမှန်းမသိတော့။ ရယ်နေတဲ့ နှစ်ယောက်လုံးကို မျက်စောင်းထိုးကာ

အိမ်ထဲပြန်ဝင်ရအောင်လည်း ဦးက ဧည့်ခန်းမှာ Mae နဲ့ စကားပြောပြီးကျန်ခဲ့တာဦးနဲ့လည်းမတွေ့ရဲတော့ဘူးတစ်ယောက်တည်း အိမ်ရှေ့က ဒန်းပေါ်မှာ ထိုင်ရင်း ရှက်နေမိတာ။

Lbc ထဲက အပြစ်ပေးတဲ့ ခန်းမှာသူနဲ့ ဦးသာဆိုရင်......ဆိုတဲ့အတွေးက ရှက်စေတယ်။ကျွန်တော့် ကိုယ်ကို လည်းဘာတွေ တွေ့နေမိမှန်းမသိတော့ဘူး

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now