🖤39♥

2K 125 23
                                    

ရေခဲမုန့်ဆိုင်ကို တွေ့တော့ ကျွန်တော်စားချင်စိတ်ပေါက်တာနဲ့ခပ်ခွာခွာနေသည့်သူမကို ချော့ဖို့ပါ စဉ်းစားမိလိုက်သည်။သူမလက်ကလေးကို လှမ်းကိုင်ပြီး ရေခဲမုန့်ဆိုင်လေးရှိရာညွှန်ပြီး မေးတော့ သူမကခေါင်းခါပြသည်။

"Lamn ကိုယ်ရေခဲမုန့်ဝယ်ကျွေးမယ်လေ စိတ်ဆိုးပြေတော့နော်"

"အအေးပဲသောက်ချင်တာ ရေခဲမုန့်ကြီး ကိုင်ပြီး မစားချင်ဘူး"

ဦးသာဆိုရင်......ကျွန်တော့်အကြိုက်လိုက်ပြီး ချက်ချင်းပြေးဝယ်ပေးမှာ ကလေးနှုတ်ခမ်းတွေရင် ဦးစားမှာမို့လို့ ပေအောင်စားဆိုပြီး စနောက်တတ်သည့်ဦးကို မြင်ယောင်မိပြန်သည်။

တွေးမိပြန်ပြီလားကွာ

"Okလေ Lamn ဘာသောက်မလဲ"

"Lemon လေး Lamn က Lemon အရမ်းကြိုက်တာ"

ဆိုင်တန်းလေးဆီသို့ ပြေးသွားတဲ့သူမကိုကြည့်ပြီး ကျွန်တော်ဘာလို့ စိတ်ညစ်နေမိတာလဲ ကျွန်တော်နဲ့ မတည့်ဘူးဆိုတာသူမကိုပြောပြဖူးသည် ဒါပေမဲ့ သူမမမှတ်မိ

"ရော့....Saint"

Lemon ပုလင်းတစ်လုံးကို ကျွန်တော့်ကို
လာပေးတဲ့ သူမကြောင့် ကျွန်တော်ခေါင်ခါပြီးငြင်းလိုက်မိသည်။တစ်ဆက်တည်း ဦးရဲ့အသံလေးတွေ

"ကလေး...Melon Juice " ဆိုတဲ့ သြရှရှအသံလေး နူးညံ့ပြီးအချစ်တွေပြည့်နက်နေတဲ့ ဦးမျက်ဝန်းတွေ ကျွန်တော်တမ်းတမိပြန်သည်။*ဘာလို့ .......ဘာလို့ ဒီအသံတွေကြားမိရတာတုန်း* ကျွန်တော်စိတ်ပျက်စွာ ရေရွတ်မိပြန်သည်။

"Saint ဘာဖြစ်နေတာလဲ မရဘူး Lamn နှစ်လုံးတောင်ဝယ်လာတာ မရဘူး ရော့သောက်"

အတင်းထိုးပေးနေတဲ့သူမကြောင့် ပုလင်းက လက်ထဲရောက်လာပြီLemon ကိုမကြိုက်ဘူး သောက်ပြီးရင် ခေါင်းမူသလိုကြီးဖြစ်တတ်လွန်းလို့

"သောက်နော် တကယ်စိတ်ဆိုးမိတော့မှာ"

တစ်ပုလင်းလုံးကို စိတ်ကျေနပ်အောင် သောက်ပေးလိုက်သည်။သူမကတော့ ပြုံးပြုံးလေးသာ ကျွန်တော်မကြိုက်သည့်အရာ ငြင်းဆန်နေတဲ့အရာကို တစ်ဆွတ်ထိုးလုပ်ခိုင်းပြီးသူမကအနိုင်ယူတတ်သည်။ကျွန်တော်မကြိုက်ပါဘူး ကျွန်တော့်ကို အမြဲ ကလေးသဘောဆိုပြီး ပြောတတ်တဲ့လူကြီးကိုပဲ ပြန်လိုချင်မိသည်။*ဒါပေမဲ့ ဦးကကျွန်တော့်ကိုမချစ်တော့ဘူးမို့လား* ဦးထိုးခဲ့တဲ့ နှုတ်ခမ်းထောင့်စွန်းလေးကို ခပ်ဖွဖွဖိလိုက်ရင်းမျက်ရည်တွေကဝဲတတ်လာတော့သည်။

ချွဲစိန် ရစ်လုံး{ Z&U}(Complete)Where stories live. Discover now